ငါးများ၏စွန့်ထုတ်ပစ္စည်းများကို ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ ဘယ်လိုအသုံးပြုမလဲ ?

16/07/2018 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(Aquaponic) ငါးမွေးမြူရေးနဲ့ စိုက်ပျိုးရေးတွဲဖက်နည်းပညာ ဆိုသည်မှာ ငါးနဲ့ ဟင်းသီးဟင်းရွက်ကို ပေါင်းစပ် စိုက်ပျိုးမွေးမြူတဲ့ စနစ်တစ်ခု ဖြစ်ပါသည်။ ထိုစနစ်တွင် အပင်က လိုအပ်သောအဟာရများကို ငါးမှစွန့်ထုတ်တဲ့ စွန့်ပစ်ပစ္စည်း (ငါးအရည်) မှ စုပ်ယူပြီး ငါးအတွက် အကျိုးရှိမည့် Oxygen ကို ပြန်ထုတ်ပေးခြင်းအားဖြင့် ရေနည်းနည်းလေးနဲ့ ငါးနှင့် ဟင်းသီးဟင်းရွက် တွဲဖက်ထုတ်လုပ်လို့ရသော စနစ်ဖြစ်သည်။ အခြား ဓါတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ သုံးစရာမလိုဘဲ အပင်များကို သန်မာကြီးထွားစေပါသည်။ 

(Aquaponic) သည် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သည်အထိ စိုက်ပျိုးမွေးမြူနိုင်သော စနစ်ဖြစ်သည်။ မည်သည့်နေရာမဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် မြေနေရာအခက်အခဲ ရှိသူများပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်တဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့ (Aquaponic) စနစ်နည်းပညာသင်တန်းကို ကုက္ကိုယာ ဩဂဲနစ်စိုက်ပျိုးရေးခြံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူများအတွက်

အောက်ပါ link တွင် ဝင်ရောက်စာရင်းသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSfW0dXbT1SkwVr7dIk118tBC069vQMl9bmNydC69vUo3MqWEg/viewform

သင်တန်းကြေး              ၆၀၀၀၀ ကျပ် ( နေ့လည်စာနှင့် သရေစာအပါ)

သင်တန်းတက်ရမည့်နေ့     ၂၁.၇.၂၀၁၈ (စနေနေ့)  ( မနက် ၉း၀၀ မှ ညနေ ၃း၀၀ အထိ)

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်