ရာသီမရွေးဖြစ်ပွားတတ်သော ငါးကပ်ပါးရောဂါ

13/01/2022 11:30 AM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

အဆိုပါ ငါးကပ်ပါးရောဂါကို Arguliosis Disease ဟု အမည်တွင်ပါသည်။ ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း Argulus spp: ကြောင့် ဖြစ်ပွားပါသည်။ Fish Louse ငါးသန်းဟူ၍ အသိများပါသည်။ ငါးသန်းသည် ကြီးမား၍ ၁စင်တီမီတာ ခန့်ရှည်လျှားပါသည်။

ရောဂါလက္ခဏာများ

- ကျောရိုးဆူးတောင် အောက်ခြေတွင် အဖြူလွှာပိတ်လာခြင်း၊

- အရေပြားထိုးဖောက်၍ သွေးစုပ်ခြင်းကြောင့် တစ်သျှူးများ ရောင်ယမ်းခြင်း၊

- အကျိအချွဲများထွက်ခြင်း၊

- သွေးကြောပေါက်ခြင်း၊

- ငါးများ၏ အရေပြားပေါ်တွင် အနီစက်များ တွေ့ရခြင်း၊

- အနာများ ဖြစ်လာခြင်း၊

- ယားယံသည့်ဝေဒနာ ခံစားရသည့်အတွက် အချွဲစစ်ထုတ်မှုများလာပြီး အားအင်ကုန်ခမ်းလာခြင်းတို့ ဖြစ်တတ်ပါသည်။

ဖြစ်ပွားနိုင်သော ငါးအမျိုးအစား

တီလားပီးယား၊ ငါးရံ့ ၊ငါးခူ ၊ ငါးကြင်းငါးသိုင်းအုပ်စု၊ ငါးတီး

ဖြစ်ပွားတတ်သည့် အချိန်ကာလ

ကန်အရည်အသွေး ညံ့ဖျင်းပါက ရာသီမရွေး ဖြစ်ပွားတတ်ပါသည်။

ကာကွယ်ခြင်းနှင့် ကုသခြင်း

- ကန်ရေအား မကြာခဏ လဲလှယ်ပေးခြင်း၊

- ဥများတွယ်ကပ်နိုင်သည့် ရေနေအပင်များအား မကြာခဏ ဖယ်ရှားစေခြင်း၊

- ရောဂါကျရောက်​နေသော ငါးများကို 5ppm KMnO4   3-5 min ခန့် စိမ်ပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်ပါသည်။     

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

              

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်