မြေပဒေသာဥယျာဉ်ခြံမှာ အခြေခံစိုက်ပျိုးနည်းရက်တိုသင်တန်းများ ဖွင့်လှစ်သွားမည်

23/01/2020 10:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခြေခံစိုက်ပျိုးနည်းရက်တိုသင်တန်းများကို မြေပဒေသာဥယျာဉ်ခြံ(ဗဟန်း)မှာ ဖွင့်လှစ်သွားမှာဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ သိရပါတယ်။

အဆိုပါစိုက်ပျိုးနည်းရက်တိုသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရစိုးကပြော ပါတယ်။

စိုက်ပျိုးရေဦးစီးဌာနအနေနဲ့ စိုက်ပျိုးနည်းရက်တိုသင်တန်းတွေဖွင့်ဖို့ရှိပါတယ်။ သင်တန်းတွေကို လာပြီးတက်ရောက်တဲ့သူတွေအတွက်အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမှာပါ

ပရဆေးစိုက်ပျိုးနည်းသင်တန်း ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းသင်တန်း ၊ ကိုင်းကူးကိုင်းဆက်သင်တန်း၊ သစ်ခွစိုက်ပျိုးနည်းသင်တန်း ၊ မှိုစိုက်ပျိုးနည်း သင်တန်း ၊ ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်အသုံးပြုနည်း သင်တန်းတို့ကို ဖွင့်လှစ်ပေးသွားမှာဖြစ် ကြောင်းသိရပါတယ်။

အဆိုပါသင်တန်းကို တက်ရောက်ချင်သူများအနေနဲ့  မြေပဒေသာခြံဦးစီးမှူးရုံး ဖုန်းနံပါတ် ၀၉- ၂၅၄၀၂၂၃၄၉ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်