မွေးမြူရေးတွင် နနွင်းအသုံးပြုခြင်း၏ အကျိုးကျေးဇူများ

04/09/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နနွင်းကို မွေးမြူရေးအတွက် ကျွေးမွေးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်

   () တိရစ္ဆာန်များ၏ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ 

   () ထိခိုက်ရှနာများအတွက် ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း။ 

   () အဖုအကျိတ်နှင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ချပေးခြင်း။ 

   (၄) အဆစ်အမြစ်များရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်းတို့ ဖြစ်ကြသည်။ 

ကျွဲ၊ နွား အစာအိမ်ဖောင်းရောဂါအတွက် နနွင်းအသုံးပြုခြင်း 

   () နနွင် - ၁ ကျပ်သား 

   () ကြက်သွန်ဖြူ - ၅ ကျပ်သား 

   () ကြက်သွန်နီ - ၅ ကျပ်သား 

   () နှမ်းဆီ - ၅ ကျပ်သား 

   () ဆား - ၅ ကျပ်သား တို့ကို လိုအပ်ပါသည်။ 

ပေါင်းစပ်ပုံ - ကြက်သွန်ဖြူ/နီကို ထုထောင်းပြီး အထက်မှာပါဝင်သော နနွင်း၊ နှမ်းဆီ၊ ဆားတို့နှင့် ရောစပ်ကာ တိုက်ကျွေးနိုင်ပါသည်။ 

အချိန်အဆ –

   နွားကြီ - () ခွက်စာ 

   နွားလတ် - () ခွက်စာ 

   နွားငယ် - () ခွက်စာ 

   တစ်နေ့လျှင် ( - )ကြိမ်ခန့် တိုက်ကျွေးနိုင်ပါသည်။ 

နွားများတိမ်ကျရောဂါ     

     နွားများတိမ်ကျလျှင် နနွင်းမှုန့်ကို မျက်လုံးထဲခပ်ပေးလျှင် သက်သာစေပါသည်။ 

ကြက်များနှင်းသီးအဖုပေါက်ရောဂါ 

     ကြက်များတွင် နှင်းသီးအဖုပေါက်ပါက အုန်းဆီနှင့် နနွင်းကို ဆတူရောစပ်ကာ လိမ်းပေးနိုင်ပါသည်။ 

တိုင်းရင်ကြက်များ ဝမ်းပျက်ဝမ်းလျောရောဂါ

    တိုင်းရင်းကြက်များတွင် နနွင်းကို ပုံမှန်ထည့်ကျွေးလျှင် အစာချေအားကောင်းစေသလို မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးပါသည်။ 

    သွေးဝမ်းသွားခြင်း၊ အူလမ်းကြောင်းသွေးယိုစိမ့်ခြင်း၊ ခြေဆစ်များရောင်ရမ်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါသည်။

    ရာသီဥတုအေးသော ကာလများတွင် ကြက်သောက်ရထဲတွင် ရေတစ်လီတာ၊ နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး တိုက်ကျွေးပေးနိုင်ပါသည်။ 

တိုင်းရင်းကြက် ချွဲထခြင်းရောဂါ

    တိုင်းရင်းကြက်များ ချွဲထလျှင် နနွင်း၊ တမာရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိတို့ကို ဆတူရောပီး ထောင်းကာ ခွံ့ကျွေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

ဦးဇော်(dof) 

မှီငြမ်း -ဆရာမဖြူဖြူ၏ နနွင်းကိုမွေးမြူရေးတွင်အသုံးပြုပုံစာစုမှ ကောက်နှုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်