ဆေးလိပ်နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား

07/07/2020 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ အမည် ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်ဖားကြောရွက်

အင်္ဂလိပ် အမည် - Broadleaf Plantain

ရုက္ခဗေဒ အမည် - Plantago major

မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်သုံးနေတာ ဖြစ်ပါတယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ ဆေးလိပ်မီးခိုးငွေ့ထဲမှာ နီကိုတင်း (Nicotine) အပါအဝင် ဓာတု ပစ္စည်း ၄၀၀၀ ကျော်ပါဝင်နေပြီး ၎င်းထဲမှာမှ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် နှလုံး သွေးကြောပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်းနဲ့ သွေးကြောပိတ်လို့ ခြေထောက် ဖြတ်လိုက်ရတာမျိုးတွေတောင်ရှိပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် အဆုတ်ကင်ဆာအပြင် အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာပါဖြစ်ပွားနိုင်တာမို့ မိတ်ဆွေတို့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးမဖြတ်ချင်ကြဘူးလားခင်ဗျာ။ ဆေးလိပ်စွဲနေတဲ့ သူများ (Nicotinism) ဟာ တစ်ခါတစ်ရံ စိတ်ဓာတ်ကျတာမျိုး၊ အိပ်မပျော်တာမျိုးတွေဖြစ်ပြီး ဆေးလိပ်ကလည်း ဖြတ်မရတာမျိုး ဖြစ်ဖူးကြမှာပါ။ Nicotinism ဆိုတဲ့ ထဲမှာ ဆေးရွက်ကြီး၊ ဆေးမွှေးမျိုးစုံကြောင့် ကွမ်းကို စွဲလမ်းနေသူတွေလည်း ပါဝင်ပါတယ်။ အခုလို ကျန်းမာရေးအတွက် ထိခိုက်နိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာစားသုံးတာတွေကို ရပ်နိုင်ဖို့ ကူညီပေးနိုင်တာကတော့ အကြောတစ်ထောင်ပင်ပဲ ဖြစ်ပါတယ်။

အကြောတစ်ထောင်ပင်ဆိုတာ ဆေးဖက်ဝင် နှစ်ရှည်ပင်တစ်မျိုး ဖြစ်ပါတယ်။ မူရင်းဒေသတွေကတော့ ဥရောပ ဒေသများ၊ အာရှ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ အလွန်အေးပြီး မြင့်မားတဲ့ တောင်ပေါ် အရပ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြင်ဦးလွင်နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ တွေ့ရှိရပါတယ်။ ထို့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း သဘာ၀အလျောက် ပေါက်ရောက်ပါတယ်။ အပင်ရဲ့အရွက်ကိုကြည့်မယ်ဆိုရင် အကြောငယ်လေးတွေ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာ တွေ့ရလို့ အကြောပေါင်းတစ်ထောင်လို့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ အချို့သောဒေသခံတွေကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့တူလို့ ဖားကြောရွက်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။

ဆေးလိပ် (သို့မဟုတ်ကွမ်းစားချင်လာတဲ့ အချိန်မှာ အကြောတစ်ထောင်ရွက်ကို ခူးယူပြီး ရေသန့်စင်အောင်ဆေးကာ ဝါးစားပစ်လိုက်ပါ။ ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတ်ကို ပြောင်းလဲလာစေပြီး တဖြည်းဖြည်း ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတကို မလိုချင်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ အရွက်ကို ဝါးစားလိုက်ခြင်းအားဖြင့် အဆုတ်ကို လန်းဆန်းစေတဲ့ အပြင် ဆေးလိပ်သောက်ချင်စိတ်နဲ့ ကွမ်းယာစားချင်စိတ်တို့ကို လျော့နည်း လာစေမှာ ဖြစ်ပါတယ်။ အချို့သောနိုင်ငံများမှာ ဆိုလျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ကျန်းမာရေးအတွက် အကြောတစ်ထောင်ပင်မှ ဆေးတောင့်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချခြင်းပင် ရှိနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် ထိခိုက်မှု ရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာစားသုံးမှုကို လျော့ချကြည့်ပြီး မိမိဒေသနဲ့ လက်လှမ်းမီတယ်ဆိုရင် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ...

ဇင်ထူးနိုင်

ကိုးကားချက်

မင်းဝင်းထိန် (B.Ag) ၏ သဘာဝဆေးဖက်ဝင် အကြောတစ်ထောင်ပင်

- https://worldpopulationreview.com/countries/smoking-rates-by-country/

- https://en.wikipedia.org/wiki/Plantago_major

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်