ယနေ့ခေတ်စားနေတဲ့ အောင်မဲညိုပန်း(Butterfly Pea Flower) အကြောင်းသိကောင်းစရာ

07/07/2020 17:30 PM တွင် Nyan Lynn Htet Nyan Lynn Htet မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အောင်မဲညိုပန်း(Butterfly Pea Flower)

ယနေ့ခေတ်စားလာသော အောင်မဲညိုပန်းများကို စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ..

အောင်မဲညိုစိုက်ပျိုးနည်း

အောင်မဲညိုပန်းပင်ရဲ့ မျိုးစေ့ထုပ်ကို ခြောက်သွေ့သည့်နေရာ (သို့) အေးမြသောနေရာတွင် သိမ်း ဆည်းပေးရန် လိုအပ်ပါတယ်.

အောင်မဲညိုပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ချတော့မယ်ဆိုရင် ပထမဦးစွာ မျိုးစေ့ကို () ရက် ရေစိမ်ထားပေးရန် လိုအပ်ပါသည်။

ရေစိမ်ထားပြီး စိုက်ပျိုးတော့မည်ဆိုလျှင် မြေဆွေး (သို့) နွားချေးရောပြီး စိုက်ပျိုးပါ။ ပျိုးအိတ်တွေရှိရင် တန်းစိုက်ပျိုးနိုင်ပါသည်။

အောင်မဲညိုပန်းမျိုးသည် အစိုဓာတ်ကြိုက်သောကြောင့် ရေမြောင်း၊ ရေတွင်းကုန်း မြေစိုသောနေရာ မှာ စိုက်ပျိုးပေးလျှင် ပိုမိုဖြစ်ထွန်းနိုင်ပါသည်။

တိုက်ခန်း၊ နေအိမ်ခြံဝင်းမှာ စိုက်ရင် မနက် နေမတက်ခင်နဲ့ ညနေနေကျပြီး နောက်ပိုင်းရေ () ကြိမ်ဖျန်းပေးပါ..

ထို့နောက် အောင်မဲညိုအပင်ပေါက်လေးများ စတင်ထွက်ရှိလာမည်ဖြစ်ပြီး၊ ရက်ပေါင်း (၄၀ / ၄၅) ရက်ဆိုလျှင် အပွင့်စတင်၍ ခူးနိုင်ပါပြီ.

တစ် ဧကစိုက်ပျိုးလျှင် မျိုးစေ့ (၇၀၀/၇၅၀)ထိ ချနိုင်ပြီး အပွင့်ရေ တစ်နေ့ကို (၆၀၀) ခန့်အထိ ပွင့်နိုင်ပါတယ်.

မျိုးစေ့ တစ်ကြိမ်ဝယ်ယူပြီးလျှင် နောက်တစ်ကြိမ်ထပ်မံဝယ်ယူရန် မလိုအပ်ပါ၊ အပင်က သီးလာသော အသီးခြောက်တွင် အစေ့ပါသောကြောင့် ငွေကုန်ကြေးကျ သက်သာစေနိုင်ပါသည်၊

ယနေ့ခေတ်တွင် အောင်မဲညိုပန်းကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန်များစွာကို ထုတ်လုပ် လျက်ရှိပါသည်။

အောင်မဲညိုပန်းပွင့်၏ လက်ရှိ ပေါက်ဈေးကတော့ အခြောက် တစ်ကီလိုလျှင် (၉၀၀၀) မှ (၁၀,၀၀၀) ကျပ်အထိ ဈေးကောင်းရရှိနိုင်ပါတယ် ခင်ဗျာ..

အကျိုးကျေးဇူးများ

မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါများကို ပုံမှန်သောက်သုံးခြင်းအားဖြင့် မျက်စိပါဝါ လျော့ကျစေခြင်း၊ အမြင်မကြည်ခြင်း ပြသာနာများကို သက်သာစေနိုင်ပါသည်၊

ဦးရေပြားကို အေးမြစေသည့်အတွက် ဆံပင်ကျွတ်ခြင်း၊ ဖောက်ထခြင်း၊ ဆံပင်ဖြူခြင်းမှ ကာကွယ် ပေးပါသည်၊

စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကျရောဂါ၊ စိတ်မတည်ငြိမ်ဖြစ်ခြင်းတို့ကိုလည်း ကုသ ပေးနိုင်ပါသည်၊

အစာချေဖြတ်မှု အားကောင်းစေပြီး အစာအိမ်နံရံများကို ကောင်းစွာအလုပ်လုပ်စေနိုင်သည့်အတွက် အစာအိမ်ရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါများကိုလည်း သက်သာစေနိုင်ပါသည်။

သွေးလည်ပတ်မှု အားကောင်းစေပြီး ကိုယ်တွင်းအဖု အပိန့် ထခြင်းများကို သက်သာစေနိုင်ပါသည်၊

၁၀၀% သဘာဝစစ်စစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကလေးသူငယ်များကို အန္တရာယ်ကင်းစွာ တိုက်ကျွေးနိုင်ပြီး ဦးနှောက်ကြည်၍ မှတ်ဉာဏ် အားကောင်းစေပါသည်၊

အောင်မဲညိုပန်းတွင် (AntiOxidience) အပြည့်အဝပါဝင်တာကြောင့် ပရိုတိန်းဓာတ် ပျက်စီး ဆုံးရှုံးမှုကို ဆန့်ကျင်တိုက်ဖျက်ပေးပါတယ်၊ ဒါကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်၊

ဂျင်းပြုတ်ရည်ထဲကို ပန်းခြောက်ထည့်သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ခုခံအားကောင်းမွန်စေပြီး အစာအိမ်သမားများအတွက် အစာချေဖျက်နှုန်း ကောင်းစေပါသည်။

အားနည်းချက်။ ။ကိုယ်ဝန်ဆောင်မိခင်၊ ခွဲစိတ်ခန်းဝင်ခါနီးသူ၊ နို့တိုက်မိခင်နှင့် သွေးပေါင်ကျတတ်သူ၊ နှလုံးသွေးကြဲဆေးသောက်သုံးနေသောသူ များအတွက် သောက်သုံးရန်မသင့်တော်ပါ….

ပန်းပွင့်ရည်သောက်နည်း

အပွင့်ခြောက်လေး ၃/၄ ပွင့်ကို ရေသန့်စင်အောင်ဆေးပြီး ဖန်ခွက်ထဲထည့်ပါ ရေနွေးနဲ့စိမ်ပါ အရောင်ထွက်လာရင် ပွင့်ဖတ်ကို ဆယ်ထုတ်ပါ၊ အပြာရောင်ပြောင်းသွားတာနဲ့ သောက်လို့ရပါပြီ၊ ပန်းပွင့်ရည်ထဲကို သံပုရာသီး တစ်စိတ်ညှစ်ထည့်သောက်ပါ၊ သံပုရာသီးထည့်တဲ့အခါ ပန်းရောင် ပြောင်းသွားပါလိမ့်မယ် ပျားရည်ထည့်သောက်ရင် ပိုကောင်းပါတယ်။

ထမင်း (သို့) ကောက်ညှင်းဖြင့်ချက်နည်း

အပွင့်ကို အရင်ပြုတ်ပါ၊ အပွင့်ပြုတ်ရည်ဖြင့်သာ ထမင်းချက်ပါ ကောက်ညှင်းလဲ ထိုနည်းတူစွာ အပွင့်ရည်ဖြင့်ချက်ပြုတ်ပေးပါ၊ ထမင်း နဲ့ ကောက်ညှင်း အရသာက မပြောင်းဘဲပိုမွှေးလာပါတယ်၊ ထို့အပြင် ကျောက်ကျောနှင့် မုန့်ဖက်ထုတ်ရာမှာလည်း ပန်းပွင့်အရည်ဖြင့်လုပ်ပါက ခရမ်းရောင် လှလှလေး ရလာပါလိမ့်မယ်…

Crd.

ဉာဏ်လင်းထက်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်