နွားကလေး ဝမ်းပျက်ဝမ်းလျောခြင်း

11/02/2020 14:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားကလေးများတွင် ဝမ်းပျက်ဝမ်းလျောခြင်းသည် ဖြစ်ပွားမှုနှုန်းများပြီး စီးပွားရေးအရလည်း ဆုံးရှုံးမှုရှိသည်။ နွားကလေးများ သားမခွဲမီ သေဆုံးရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

ဝမ်းလျောခြင်းသည် အစာခြေလမ်းကြောင်း၏ ပုံမှန်ရေအဝင်/အထွက် ရွေ့လျားမှုကို အနှောက်အယှက်ဖြစ်စေပြီး ရေဓာတ်ဆုံးရှုံးမှုနှင့် ကုန်ခမ်းမှုကိုဖြစ်စေသည်။ ဝမ်းလျောခြင်းကြောင့် ခန္ဓာကိုယ်ရှိ ရေဓာတ်များနှင့်အတူ ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဓာတုဓာတ်များ (electrolytes) ဆားဓာတ်များလည်းဆုံးရှုံးသွားသည်။ နွားကလေးများ အားအင်ကုန်ခမ်းပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ စနစ်တကျ စီမံခြင်းဖြင့် ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို လျှော့ချနိုင်သည်။

? ဝမ်းပျက်ဝမ်းလျောခြင်း ဖြစ်လာစေမည့် အကြောင်းအရင်းများ

- တိုက်ကျွေးသည့် နို့ဦးရည်ပမာဏ မလုံလောက်ခြင်း
- နို့ဦးရည် အရည်အသွေးမကောင်းခြင်း/ သန့်ရှင်းမှုမရှိခြင်း
- မွေးဖွားစဉ် ခက်ခဲခြင်း
- ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းခြင်း
- ရာသီဥတု အေး၍စိုစွတ်ခြင်း
- နေရာကျဉ်းကျဉ်းတွင် အကောင်ရေများခြင်း

?Non-infectious diarrhea 
(Nutritional diarrhea)

- မိခင်နွားမကြီး၏ အဟာရရရှိမှု မလုံလောက်ခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းတွင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်နွားမ၏ စွမ်းအင်နှင့် အသားဓာတ်လုံလောက်စွာ မရရှိခဲ့မှုသည် နို့ဦးရည် ပမာဏနှင့် အရည်အသွေးပေါ် သက်ရောက်မှုရှိသည်။ Vitamin A နှင့် Vitamin E ချို့တဲ့မှုနှင့်လည်း ဆက်စပ်သည်။

- မွေးစနွားကလေး၏ ပတ်ဝန်းကျင်စီမံမှု အားနည်းခြင်း
(သန့်ရှင်းမှုအားနည်းခြင်း၊ ရောဂါပိုးဝင်ရောက်နိုင်သည့် အခြေအနေများရှိခြင်း၊ နွားကောင်ရေများနေခြင်း၊ တခြားနွားမတမ်းများ၊ နွားအကြီးများနှင့် ရောထားခြင်း၊ နွားမွေးသည့်နေရာနှင့် နွားကလေးထားသည့်နေရာ တနေရာတည်းဖြစ်ခြင်း၊ နွားကလေးခန္ဓာကိုယ် စိုစွတ်ပြီး အေးနေခြင်း စသည်ဖြင့်)

- ပုံမှန်အလေ့အကျင့်ကို အနှောင့်အယှက်ဖြစ်စေသည့်အကြောင်းအရင်းကြောင့်ဖြစ်သည်။ မွေးဖွားစဉ် ဂရုစိုက်မှု အားနည်းခြင်း၊ နို့ဦးရည် တိုက်ကျွေးမှု နောက်ကျခြင်း၊ နွားကလေးပြုစုမှု အားနည်းခြင်း၊

- သေဆုံးခြင်းအထိ မပြင်းထန်သော်လည်း နွားကလေးတွင် အားနည်းလာခြင်းကြောင့် ရောဂါပိုးကြောင့်ဖြစ်ပွားသည့် infectious diarrhea ဖြစ်လာနိုင်သည်။

? Infectious diarrhea

- virus, bacteria, protozoa, yeasts, and molds များကြောင့်ဖြစ်ပွားသည်။
- Virus (Rotavirus, Coronavirus, BVD virus, IBR virus)
- Bacteria ( Escherichia coli, Salmonella spp., Clostridium perfringens, and other bacteria)
- Protozoan parasites (Cryptosporidium, Coccidia)

ဘက်တီးရီးယားပိုးမှ ထုတ်သော အဆိပ်သည် အူလမ်းကြောင်းနံရံမှ အရည်များကို အူလမ်းကြောင်းအတွင်းထွက်လာစေသည်။ Virus နှင့် protozoa များသည် အူလမ်းကြောင်းရှိ အာဟာရစုပ်ယူမှုကို လုပ်ဆောင်ပေးသည့် အတက်အလက်အမျှင်များ (villi - small intestine) ကို ပျက်စီးစေသည့်အတွက် အူလမ်းကြောင်းမှ အာဟာရများ (သို့) electrolytes များကိုစုပ်ယူခြင်း သွေးအတွင်းပို့ဆောင်ခြင်းများ ထိခိုက်သွားသည်။

? ရောဂါလက္ခဏာများ

- ဝမ်းလျောခြင်း ( တခါတရံ သွေး၊ အချွဲများပါခြင်း)
- ရေဓာတ်ဆုံးရှုံးခြင်း
- အမွေးကြမ်းခြင်း
- ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း
- အဖျားတတ်ခြင်း
- သေဆုံးခြင်း

? ရောဂါအခြေအနေ (ပျော့ - အသင့်အတင့်)

- နွားက​လေး မတ်တတ်ရပ်နိုင်၊ နို့သောက်နိုင်သေးပါက သန့်ရှင်းသောနွားနို့ကို ဆက်တိုက်ပြီး ဓာတ်ဆားရည် (electrolytes) လည်းတိုက်ပေးရမည်။ သန့်ရှင်းသောရေ အမြဲသောက်နိုင်အောင် စီစဉ်ပေးရမည်။

? ရောဂါအခြေအနေ (အသင့်အတင့် - ပြင်းထန်)

- နွားကလေးသည် မတ်တတ်မရပ်နိုင် (သို့) ရေဓာတ်အရမ်းဆုံးရှုံးနေလျှင် electrolytes ကို သွေးကြောအတွင်း (IV) ထိုးပေးရမည်။

?ဝမ်းလျှောနေသောနွားကို တခြားနွားများနှင့်ချက်ချင်းခွဲထားပါ။ ဓာတ်ဆားရည် အမြန်ဆုံးတိုက်ပါ။
အာဟာရ၊ ပတ်ဝန်းကျင်၊ သန့်ရှင်းရေး၊ နွားကလေးပြုစုမှု စသည့်တို့ကို့ စနစ်တကျစီမံရမည်။ နေရာအခင်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းသောရေ အမြဲတိုက်ပါ။
တိရစ္ဆာန်ဆေးကုဆရာဝန် အကြံဉာဏ် ကုသမှုကို ရယူပါ။

? ဝမ်းပျက်ဝမ်းလျောခြင်းနှင့်အတူ တချို့သော systemic bacterial infection လက္ခဏာများတွေ့ရလျှင် antibiotics ပေးသည်။ (နွားကလေး၏ rectal temperature သည် 103°F ထက် ကျော်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် ချက်တိုင်ရောင်ခြင်း စသည်ဖြင့်)

Antibiotics သည် virus, protozoa သို့မဟုတ် nutrition ကြောင့် ဝမ်းပျက်ဝမ်းလျှောလျှင် တိုက်ရိုက်သက်ရောက် ကုသခြင်းမဟုတ်ပေ။ ယေဘုယျအားဖြင့် နွားကလေးသည် အစာမစားလျှင်၊ ရေဓာတ်ဆုံးရှုံးလျှင်၊ ဖျားလျှင်၊ ထိုင်းမှိုင်းလျှင် သို့မဟုတ် သွေး/ အချွဲပါလျှင် antibiotic နှင့် anti-inflammatory treatment များပေးနိုင်သည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်