မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော်ကျင်းပသွားမည်

18/02/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ဖရဲ ၊ သခွားမွှေးပွဲတော်ကို ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

အဆိုပါပွဲတော်ကို ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ ရန်ကုန်မြို့ မြေပဒေသာ ကျွန်း မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်မှာ မြန်မာနိုင်ငံမှထွက်ရှိတဲ့ ဖရဲ၊ သခွားမွှေးမျိုးစုံကို ခင်းကျင်းပြသထားမှာဖြစ်ပြီး စျေးနှုန်းချိုသာ စွာရောင်းချပေးသွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

စားသုံးသူများအနေနဲ့လည်း ဖရဲ၊ သခွားမွှေးများကို များများဝယ်ယူပါက အထူးဝန်ဆောင်မှု အနေနဲ့ အိမ်ရောက်ပို့ဆောင်ပေးခြင်း အစီအစဉ်များရှိကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

 တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်