ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Coronavirus Disease 2019 (Covid-19)ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသအတွင်း စီးပွားရေးအခက်အခဲ သက်ရောက်မှုအပေါ် ပြန်လည်ကုစားပေးနိုင်ရေးအတွက် မိမိတို့နေထိုင်ရာ အရပ်ဒေသတွင် အိုးမကွာ အိမ်မကွာဖြင့် တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန် ရွည်ရည်၍ သင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။
သင်တန်းမှာတော့ ယိုစုံထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း စတဲ့ ဘာသာရပ်များကို သင်ကြားသွားမှာဖြစ်ပါတယ်။ (၁၆.၇.၂၀၂၀) ရက်နေ့မှာ စတင်သင်ကြားမှာဖြစ်ပြီး သင်တန်းကာလကတော့ (၆) ရက် တစ်ကြိမ်ဖြစ်ပါတယ်။ သင်တန်းကြေး အခမဲ့လို့သိရပြီး သင်းတန်းဦးရေ ကန့်သတ်ထားလို့ အမြန်စားရင်းသွင်းဖို့တော့ လိုပါမယ်။ အသေးစိတ်ကိုတော့ အောက်ကပုံလေးမှာ ဖတ်ကြည့်လို့ရပါတယ်ရှင်။
Source _ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ