ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုအား ဆန်းစစ်ခြင်း

25/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ ဒစ်ဂျစ်တယ် စာပေ သိနားလည်မှုကို ဆန်းစစ်နိုင် ဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

       ဒစ်ဂျစ်တယ်စာပေ သိနားလည်မှုကို အဓိက နိယာမ ၃ ခုနဲ့ အမျိုးအစားခွဲခြားပါတယ်။ မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ လေ့လာ ကြည့်လိုက်ရအောင်လား ခင်ဗျ။ 

အဆင့် ၁ - အသုံးပြုသည် (Use) 

       ဒီအဆင့်မှာဆိုရင် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုဖို့အတွက် လိုအပ်တဲ့ အခြေခံနည်းပညာတွေ တတ်မြောက်တာကို ဆိုလိုပါတယ်။ မိမိအနေနဲ့ အင်တာနက် ကောင်းကောင်းသုံးတတ်တယ်၊ Web Browser ကနေ သတင်းအချက်အလက်တွေ ရှာဖွေနိုင်တယ်၊ အီးမေးကောင်းကောင်း သုံးတတ်တယ်ဆိုရင်တော့ အဆင့် ၁ မှာ ပါဝင်ပါတယ်။ 

အဆင့် ၂ - နားလည်သည် (Understand) 

       ဒီအဆင့်ကတော့ ဒစ်ဂျစ်တယ် မီဒီယာတွေကို နားလည်သဘောပေါက်ဖို့၊ ဆက်စပ်တွေးတောဖို့၊ အကဲဖြတ်ဖို့ အချက်တွေ ပါဝင်ပါတယ်။ မိမိအနေနဲ့ ဒစ်ဂျစ်တယ်စာပေတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုသိတယ်၊ လူတွေအပေါ် ဘယ်လိုသက်ရောက်နိင်တယ်ဆိုတာ နားလည်တယ်၊ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်တယ်ဆိုရင် အဆင့် ၂ မှာပါဝင်ပါတယ်။   

အဆင့် ၃ - ဖန်တီးသည် (Create) 

      ဒီအဆင့်မှာဆိုရင် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုပြီး မိမိသိထားတဲ့ အကြောင်းအရာ၊ ဗဟုသုတတွေ ပြန်လည်မျှဝေပေးနိုင်တာကို ဆိုလိုပါတယ်။ မိမိသိထားတဲ့  သတင်းအချက်အလက်ကို ဗီဒီယို၊ ဓာတ်ပုံ၊ အကြောင်းအရာများ ဖန်တီးပြီး မျှဝေခြင်း၊ ဘလော့ဂ် (Blog)၊ ဝက်ဘ်ဆိုက် (Website)၊ ဖေ့ဘုတ်စာမျက်နှာ၊ ဆော့ဝဲလ်များဖန်တီးပြီး သတင်းအချက်အလက်မျှဝေခြင်းများ ပြုလုပ်မယ်ဆိုရင်တော့ အဆင့် ၃ မှာ ပါဝင်မှာ ဖြစ်ပါတယ်။ 

      တောင်သူ ဦးလေး ဒေါ်လေးတို့ရော မိမိအနေနဲ့ ဘယ်အပိုင်းမှာ ပါဝင်နေလဲဆိုတာ ကွန်မန့်မှာ ဆွေးနွေးပေးခဲ့ကြပါအုံးခင်ဗျ။ 

      ယခင်တစ်ပတ်က  အသုံးမပြုသင့်တဲ့ လျှို့ဝှက်နံပါတ်တွေ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

လူသုံးများပြီး မထားသင့်သော လျှို့ဝှက်နံပါတ်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်