မွေးမြူရေးတိရစ္ဆာန်များ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

09/07/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုင်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ်ကျရောက်နိုင်သည့်သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

() ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသသတိပေးချက်များကို ဂရုပြုနားထောင်ဖတ်ရှုစောင့်ကြည့်ရန်၊

() တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော်အစရှိသည့်တိရစ္ဆာန်အစာနှင့် သောက်သုံးရေးများ၊ လုံလောက်စွာ ကြိုတင်စုဆောင်းထားရန်၊

() ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များကို ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရန်၊

() ရေဘေးအန္တရာယ်ကျရောက်သည်မှလွှဲ၍ အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် တိရစ္ဆာန်များကို အကာအကွယ်ရှိသော ခြံများအတွင်းစနစ်တကျ မွေးမြူထားရှိရန်၊

() ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန်ပြောင်းရွှေ့နေရာချထားရန်အတွက် ကြုိတင်စီမံထားရန်၊

() သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေးကင်းလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေးကြိုတင်စီမံထားရန်၊

() ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်၊

() တိရစ္ဆာန်များ ကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများရရှိပါက ဆေးကုသမှုအမြန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်၊

() တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချူပ်ရေးမှူးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက်ရန်၊

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်