စွန့်ဦးတီထွင်လုပ်ငန်း စွမ်းရည်မြင့်တင်ခြင်းသင်တန်း

07/02/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လာမည့် ဖေဖော်ဝါရီလထဲတွင် UNDP နှင့် Ministry of Planning, Finance, and Industry မှ ကြီးမှူးကျင်းပသော စွန့်ဦးတီထွင်လုပ်ငန်း စွမ်းရည်မြင့်တင်ခြင်းသင်တန်းအား Impact Hub မှ ဦးစီး၍ လှည်းကူးမြို့နယ်တွင် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်တန်းနှင့်ပတ်သတ်​သော အ​ကြောင်းအရာအား ​အောက်​တွင် ​ဖော်ပြထား​ပေးပါသည်။

သင်တန်းဖွင့်လှစ်မည့် ​မြို့နယ် - လှည်းကူး

သင်တန်းအမျိုးအစားက​တော့ ၂ မျိုး ရှိပါမည်။ တစ်ခုမှာ လက်ရှိ အ​သေးစားနှင့် အလတ်စားစီးပွား​ရေး လုပ်ကိုင်​နေသူများအတွက် ဖြစ်ပြီး ကျန် ၁ ခုမှာ စီးပွား​ရေး လုပ်ငန်း စတင် လုပ်ကိုင်လို​​သော လူကြီး၊ လူငယ် တို့အတွက် ရည်ရွယ်ဖွင့်လှစ်​သော သင်တန်းဖြစ်ပါသည်။

မည်သို့​သော အ​ကြောင်းအရာ​များ သင်​ပေးမည်နည်း?
အဆိုပါ သင်တန်းနှစ်ခုတွင် တခြားသူများနှင့်မတူ​​သော စီးပွား​ရေး လုပ်ငန်းတစ်ခုကို စနစ်တကျ စတင်လုပ်ကိုင်နည်း၊ မိမိ၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းငွေလည်ပတ်ပုံကို စနစ်တကျစီမံခန့်ခွဲနည်း ၊ မိမိ၏စီးပွားရေးလုပ်ငန်းများကို တခြားသူများနှင့် မတူညီစေရန် စမ်းသစ်တီထွင်နည်း စသည့်အ​ကြောင်းအရာများအား သင်ကြားပေးမည်ဖြစ်ပါသည်။

မည်သူ​တွေ တက်​ရောက်သင့်သလဲ?
လက်ရှိ မိမိလုပ်ကိုင်​နေ​သော လုပ်ငန်းကို တိုးတက်လာ​စေရန် စနစ်တကျလုပ်ကိုင်လိုသူများ နှင့် စီးပွား​ရေးလုပ်ငန်းစတင်လုပ်ကိုင်ရန် အကြံရှိ​​သောလည်း မည်သို့ စတင်လုပ်ကိုင်ရမည်ကို မသိ​သောသူများအတွက် တက်​ရောက်သင့်​သော သင်တန်းတစ်ခုဖြစ်ပါသည်။

သင်တန်းကာလ မည်မျှကြာမည်နည်း?
သင်တန်းကာလက​တော့ ၁ လကို ၃ ရက်စီ သင်ကြား​​ပေးမည်ဖြစ်ပြီး စုစု​ပေါင်း ၂ လကြာပါမည်။ ​

သင်တန်းများအား မည်သည့်လတွင် စတင်ဖွင့်လှစ်မည်နည်း?
ဖေ​ဖော်ဝါရီလ​နောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်၍ ဧပြီလ ပထမအပတ် ဝန်းကျင်တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပါသည်။

သင်တန်း​ကြေး သွင်းစရာလိုပါသလား?
UNDP မှ စီစဥ်​ပေး​သော သင်တန်းဖြစ်တာ​ကြောင့် သင်တန်း​ကြေး အခမဲ့ပါ ​ပေးစရာမလိုပါဘူး။

သင်တန်းသား ဦး​ရေ မည်မျှ လက်ခံမည်နည်း?
တစ်တန်းလျှင် သင်တန်းသားဦး​ရေ ၂၅ ဦးစီသာလက်ခံသွားမည် ဖြစ်သည်။

အသက်ကန့်သတ်ထားပါသလား?
အသက် မကန့်သတ်ထားပါဘူး။ တကယ်စီးပွား​​ရေးလုပ်ငန်းကို စိတ်ဝင်စားတဲ့သူ မည်သူမဆို ​လျှောက်ထား တက်​ရောက်နိုင်ပါသည်။

သင်တန်းတက်​ရောက်ခွင့် ရ​ကြောင်း မည်သို့ သိနိုင်မည်နည်း?
သင်တန်းတက်​ရောက်ခွင့်ရသူများအား ပြန်လည်စီစစ်​ရွေးချယ်ပြီး ​ဖေ​ဖော်ဝါရီလ ၁၅ ရက်​နေ့တွင် တက်​ရောက်ခွင့်ရသူများအား ဤ Impact Hub Page တွင်ဝင်​ရောက်ကြည့်ရှုနိုင်မည့်အပြင် ပြန်လည်ဆက်သွယ်​ပေးမည်လည်းဖြစ်ပါသည်။

စိတ်ဝင်စား၍ တက်ရောက်လိုသူများ အောက်ပါ မိမိနှင့်သက်ဆိုင်ရာ Google Form လျှောက်လွှာများတွင် ဝင်ရောက်ဖြည့်၍ သင်တန်းတက်​ရောက်ခွင့် လျှောက်လွှာတင်နိုင်ပါသည်။

လှည်းကူးလုပ်ငန်းရှင်များ​ အောက်ပါ Link များတွင်၀င်​ရောက်၍စာရင်း​ပေးသွင်းနိုင်ပါသည်။

​အောက်ပါ Link က​တော့ အ​သေးစား အလတ်စား စီးပွား​ရေးလုပ်ငန်းရှင်များ အတွက် သင်တန်း​လျှောက်လွှာ Link ပါ။

သင်တန်းလျှောက်လွှာဖြည့်ရန် (ဇော်ဂျီ)

သင်တန်းလျှောက်လွှာဖြည့်ရန် (ပြည်ထောင်စု)

အောက်ပါ Link က​တော့ စီးပွား​ရေးလုပ်ငန်းစတင်လုပ်ကိုင်လို​သောသူများ အတွက် သင်တန်း​လျှောက်လွှာ Link ပါ။

သင်တန်းလျှောက်လွှာဖြည့်ရန်(ဇော်ဂျီ)

သင်တန်းလျှောက်လွှာဖြည့်ရန်(ပြည်ထောင်စု)

 သင်တန်းနှင့်ပတ်သတ်​သော အ​သေးစိတ်အချက်အလက်ဆများ ထပ်မံသိရှိလိုပါက 09269378730 သို့ ဖုန်းဖြင့် ဆက်သွယ်၍​သော်လည်း​ကောင်း Message Box မှ​သော်လည်း​ကောင်း စုံစမ်း​မေးမြန်းနိုင်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်