သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာဒါန လက်မှုပညာ အခြေခံသင်တန်း

15/08/2018 10:09 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Clean Sandoway ရဲ့ ပထမခြေလှမ်း အဖြစ်ဖွင့်လှစ်မယ့် ပညာဒါနသင်တန်း ဖြစ်ပါတယ်။ ဒေသထွက်ကုန်ကြမ်းဖြစ်တဲ့ အုန်းသီးခွံမာ/အုန်းသီးခွံပျော့ တို့ကို အသုံးပြုပြီး လူအသုံးအဆောင် ပစ္စည်း၊ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုသင်တန်းကို သံတွဲမြို့မှာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းသား ၁၀ဦး သတ်မှတ်ထားပြီး၊ စိတ်ပါဝင်စားသူ ကလေး၊ လူငယ်၊ လူကြီး ၊ ကျား၊ မ ၊ မည်သူမဆို တက်ရောက်နိုင် ပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ ငပလီကမ်းဖြေ ဒေသကိုအမှီသဟဲပြုပြီး တဖက်တလမ်း ဝင်ငွေရလုအ်ငန်းအဖြစ် လုပ်လို့ရမယ့် ပညာရပ်ပါ။
လျှောက်ကြဖို့ တိုက်တွန်းပါတယ်။
#သင်တန်းကာလ
၄ပတ်တာကာလကြာမြင့်ပါမယ်။
#သင်တန်းချိန်
အပတ်စဉ် ဥပုဒ်နေ့ နှင့် တနင်္ဂနွေ(နေ့လည် ၁နာရီမှ ညနေ ၅နာရီထိ)
#သင်တန်းစတင်ဖွင့်လှစ်မည့်နေ့
ဩဂုတ် ၁၈၊ ၂၀၁၈(စနေနေ့)
"အမည်၊ အသက်၊ ပညာအရည်အချင်း၊ ဆက်သွယ်ရမည့် နံပတ်တို့ကို ပေးပို့ကာ လျှောက်နိုင်ပါတယ်"
#သင်တန်းကြေးပေးဆောင်ရန်မလိုပါ
#ကတိကဝတ် _ သင်တန်းကာလ ပြီးဆုံးအောင်တက်ရောက်နိုင်ရပါမယ်။ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပါမယ်။
"သင်တန်းချိန်အတွင်း ကော်ဖီ၊ လက်ဖက်ရည် ဒါနပြုပါမယ်"
စိတ်ပါဝင်စားတဲ့ သင်တန်းသားများ ဆက်သွယ်ရန်-
ဖုန်း- ၀၉ ၂၆၃ ၈၇၆ ၅၇၃၊ ၀၉ ၇၈၅ ၂၆၂ ၉၀၃
Clean Sandoway Facebook Page မှ ကူးယူဖော်ပြပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်