မိုးအကုန် ဆောင်းအကူးကာလများတွင် ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးရောဂါအကြောင်း

21/12/2020 15:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

      ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးရောဂါကို Epizotic Ulcerative Syndrome (EUS) (Red Spot Disease)ဟု ခေါ်ကြပါသည်။

ရောဂါဖြစ်ပွားရသော အကြောင်းအရင်း

      Aphanomyces spp; Saprolegnia spp; Aeromonas hydrophila များကြောင့် ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ

- ငါးများ အစာစားနှုန်းလျော့ကျလာခြင်း၊

- ဦးခေါင်းပိုင်း၊ ဆူးတောင်၊ အမြီးပိုင်း၊ ကျောဖက်နှင့် ဝမ်းဖက်ရေယက်များတွင် အနီစက်များ ရှေးဦးစွာ တွေ့ရှိရပြီးနောက် အနာပေါက်များဖြစ်လာခြင်း၊

- ငါး၏အသားစများပဲ့ထွက်ခြင်းတို့ ဖြစ်လာပြီး သေဆုံးမှုများဖြစ်ပေါ်လာခြင်း၊

- နောက်ဆက်တွဲရောဂါများအဖြစ် ကပ်ပါးရောဂါ၊ ဘက်တီးရီးယားရောဂါများ စွဲကပ်လာတတ်ခြင်းတို့ဖြစ်သည်။

ရောဂါဖြစ်ပွားနိုင်သော ငါးအမျိုးအစားများ

ငါးရံ့၊ ငါးခူ၊ ဂိုရာမီ၊ ငါးသစ်တုံး

ဖြစ်ပွားတတ်သည့် အချိန်ကာလ

      မိုးအကုန် ဆောင်းအကူးကာလများတွင် ဖြစ်ပွားတတ်ပါသည်။

ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

      ရေအရည်အသွေးကို နေ့စဥ်တိုင်းတာစစ်ဆေးခြင်း မှတ်တမ်းထားရှိရန်၊ ပျော်ဝင်အောက်စီဂျင်နည်းပါက တစ်ဟက်တာလျှင် ဆား(၁၂)ပိဿာထည့်ရန်။

- ရေ၏ ချဥ်ဖန်နှုန်းနိမ့်ပါက တစ်ဟက်တာလျှင် ထုံး(၃၀၀)မှ (၄၀၀) ကီလိုဂရမ် ထည့်ပေးရန်။

- မွေးမြူရေးကန်ကြီးများတွင် ဓာတုဗေဒဆေးဝါးများသုံးစွဲခြင်းထက် ကန်၏ ပတ်ဝန်းကျင်အခြေအနေကို ပြုပြင်ထိန်းသိမ်းပေးခြင်းအားဆောင်ရွက်ရန်တို့ဖြစ်သည်။

ပင်လယ်ပြာ (ငါးဦးစီး)

Ref; ငါးလုပ်ငန်းဦးစီးဌာန၏ ငါးရောဂါအကြောင်းသိကောင်းစရာစာစုမှ ကောက်နုတ်တင်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်