မက်လင်သီးနှင့် သူ၏အသုံးဝင်ပုံ

03/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   မက်လင်သီးနဲပတ်သက်ပြီး ၂ မျိုးတွေ့ရပါတယ်၊ Garcinia cambogia အပင်က ကချင်ဖက်မှာ ပိုလို့တွေ့ရတယ်။ အသီးအပေါ်မှာ ထင်ရှားသော ဇောင်းအဝိုက်များပါလေ့ရှိတယ်။ အရွက်ပုံစံလည်းမတူပါဘူး။ သူလည်း ကချင်ပြည်ထွက် မက်လင်ချဥ်အဖြစ်ထင်ရှားပါတယ်။ ကျနော် အခုတွေ့ရသော အပင်အမည်က Garcinia pedunculata ဖြစ်ပြီး အသီးအပေါ်မှာ အဝိုက်တွေမပါဘဲ။ လုံးချောနေပါတယ်။

 

   မက်လင်မျိုးရင်းအမည်က ယခင်က Hypericaceae ဖြစ်ပါတယ်။ မျိုးစု Garcinia ဆိုတာကလည်း မစိမ်းလှပါဘူး၊ မင်းဂွတ်သီး ရဲ့ သိပ္ပံအမည်ဟာ Garcinia mangostana ဖြစ်ပါတယ်၊ အခုအခါမှာတော့ မျိုးရင်း အမည်က Clusiaceae ဖြစ်သွားပြီဖြစ်ပါတယ်။ 

   အပင်က အမြဲစိမ်းသောအပင်ကြီး evergreen tree ဖြစ်ပါတယ်၊ ကြီးမားပြောင်လက်နေသော အရွက်ကြီးတွေအပေါ်မှာ ဘေးဖက်ကို ထင်ရှားစွာထွက်နေသော ရွက်ကြော ၁၆ စုံက သိသာထင်ရှားသော လက္ခဏာတွေဖြစ်ပါတယ်။ နောက်တစ်ချက်ထူးခြားတာက ဒီအပင်တွေက အရှေ့တောင်အာရှမှာဘဲ တွေ့ရသော အပင်တွေသာဖြစ်တယ်။ မြန်မာနဲ့ အိန္ဒိယ အရှေ့ အနောက်ဖက်တွေမှာဘဲ တွေ့ရတယ်လို့ ဆိုထားပါတယ်၊ 

   ပင်စည်မှာ fluted trunk နှင့်အတူ ဘေးဖက်ကို ဖြာနေသော အကိုင်းတိုတွေပါပါတယ်။ အဖိုပွင့်တွေက စိမ်းဝါရောင်ရှိတယ်၊ ခတ်ကျဲကျဲပါသော panicle ပန်းခိုင်ထဲမှာ ရှိကြတယ်။ အမပွင့်ကတော့ တပွင့်ထီးထီးသာပါပါတယ်၊ လုံးဝန်းနေသော အသီးကို သီးကြတယ်။ အရည်ရွှမ်းတယ်၊ စားလို့ရသော  arils တွေပါတယ်။ 

   ဒီအပင်က စိုက်ရတာ ခက်ခဲလှကြောင်း ဒေသခံ ဦးကြီးတစ်ဦးက ပြောပြပါတယ်၊ အသီးကိုဘဲ စားလို့ရတာမဟုတ် အရွက်နုလေးတွေကိုလည်း ခူးပြီး ချက်စားလို့ရကြောင်းပြောပြပါတယ်၊ အသီးအမှည့်ကို ချက်စားတယ် (အသီးမှည့်ကို မီးအုံးပြီး ငရုတ်သီးနဲ့ ရောထောင်းစားရင် အလွန်ကောင်းပါတယ်) အသီး အစိမ်းကို  သုပ်စားကြပါတယ်၊ အသီးမှည့်ကို ခူး ဓါးနဲ့ ပါးပါးလေးလှီးပြီး နေရောင်အောက်မှာ အခြောက်ခံကြတယ်၊ တာရှည်ခံအောင်လို့ပါ။ မက်လင်ခြောက်ကို စျေးကွက်တင်ရောင်းကြတယ်။ အသားဟင်းထဲ မှာ အချဉ်ဓာတ်ရဖို့ မက်လင်ခြောက်ကို ထည့်ကြတယ်။ မက်လင်က အလွန်ချဉ်သောအရသာရှိတယ်။ မက်လင်ခေါက်ဟာ အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း တို့ကို အလျှင်အမြန်ကောင်းစေပါတယ်။ ဝလွန်းနေသောသူ၊ အဆီဓာတ်များသူ၊ လှုပ်ရှားမှုနည်းသူ၊ စည်းစိမ်ခံလွန်းသူ၊ အရက် ဘီယာ အသောက်များသူ၊ အသည်းအဆီဖုံး​​နေသူတွေအတွက် မက်လင်ခြောက်က အထူးသင့်လျော်ပါတယ်။ 

   ကမ္ဘာပေါ်မှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း အဆီချချင်သူများအတွက် မက်လင်ချဥ်က အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။ အကောင်းဆုံးအဆီကျဆေးကို Garcinia cambogia ကနေထုတ်ယူပါတယ်။ မြန်မာနိုင်ငံမှာ မက်လင်ပင်တွေရှိတဲ့အတွက် စျေးချိုချို အန္တရာယ် ကင်းကင်း သောက်သုံးလို့ရနေပါပြီ..

Photos & Content Soruce- ကိုသက်နိုင်ဦး

ဟုမ္မလင်း


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်