ကိုယ်ရေးကိုယ်တာ ငွေကြေးသုံးစွဲမှုအတွက် နည်းလမ်းကောင်းများ

28/11/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

ငွေကြေးနဲ့ အတွက် သီးသန့် ပြက္ခဒိန် တစ်ခုထားပါ။
တကယ်လို့ ကိုယ်က ကို့ရဲ့ တစ်လတစ်ကြိမ်ပေးရမယ့်အိမ်လစာ ဒါမှမဟုတ် နှစ်စဉ်ဆောင်ရမယ့်အခွန်တွေ အမြဲမှတ်မိနေဖို့ ဆိုတာမလွယ်ပါဘူး။ ဒီလိုပုံမှန် ပေးဆောင်ရတဲ့အကြောင်းအရာတွေကို မှတ်မိနေဖို့အတွက် ငွေရေးကြေးရေး နဲ့သက်ဆိုင်တာတွေကို မှတ်ဖို့ calendar လေးတစ်ခုလုပ်လိုက်ပါ။

အိမ်၊ ကား၊ ဖုန်း၊ အရစ်ကျ ချေးငွေအမျိုးမျိူးတွေ ယူထားရင်ကိုယ့်ရဲ့အတိုးနှုန်းကိုကြည့်ပြီးလစဉ်ဘယ်လောက်ယူထားတယ်၊ ဘယ်လောက်ဆပ်ဖို့ကျန်တယ်ဆိုတာ တွက်ချက်ကြပါ။

ဥပမာ- ပြောရမယ်ဆိုရင် ဘယ်ချေးငွေကို အရင်ဆပ်ပေးသင့်ပါသလဲ။ ပမာဏများတဲ့အကြွေးကိုလား၊ အတိုးများတဲ့ အကြွေးကိုလား သုံးသတ်ပါ။ အတိုးနှုန်းအမြှင့်ဆုံးကို အရင်ဆပ်ပါ။ အလုပ်က ဆုငွေတွေရခဲ့ရင်လဲ သုံးဖြုန်းမှုချက်ချင်းမလုပ်ပဲ ချေးငွေတွေကို ကြိုဆပ်လိုက်ပါ။

ဘာလို့လဲဆိုရင် အကြွေးဝယ်ကတ်တွေက စုပေါင်းအတိုးနှုန်းတွေပေါတဲ့အတွက်ကြောင့် လစဉ်သုံးသမျှကိုလစဉ်ရှင်းပါ။ လမကူးပါစေနဲ့။

အခြေခံအားဖြင့် ပြောရမယ်ဆို ကိုယ်ပေးရမယ့် အတိုးနှုန်းပမာဏအပေါ် သတိပြုခြင်းဖြင့် ဘယ်အကြွေး ဒါမှမဟုတ် စုငွေ အပေါ်အာရုံစိုက်သင့်လဲ သိလာပါလိမ့်မယ်။

ပိုက်ဆံစုဖို့ဘယ်လို ငွေစုအကောင့်ကို ဖွင့်သင့်ပါသလဲ။
အတိုးများများရတဲ့ ငွေစုအကောင့်ကို ဖွင့်ပါ။ ဥပမာဆိုရင် ပုံမှန် savings account မှာစုမယ့်အစား 1-year fixed deposit savings account မှာစုရင် အတိုးပိုရပါလိမ့်မယ်။ အရောင်းအဝယ် စီးပွားရေးလေ့လာကျွန်းကျင်သူဆိုရင် တော့ ဒေါ်လာ၊ ရွှေ၊ ခြံဝယ်ပြီးစုကြပါ။ ကိုယ်ကဘယ်လိုမျိုးစွန့်စားမှု ယူသင့်သလဲဆိုတာ သိဖို့လည်း လိုပါတယ်။ တခြားလူတွေနဲ့ လိုက်နှိုင်းယှဥ်ပြီး အသေးစိတ်နားမလည်ရင် လျောက်မလုပ်ပါနဲ့။

ကိုယ့်အတွက် တန်မတန်ကြည့်ပါ။
ကိုယ့်ရဲ့ပုံမှန်ဝင်ငွေ၊ ပိုင်ဆိုင်မှုနဲ့ ပြန်ဆပ်ဖို့လိုနေတဲ့အကြွေးတွေကို နှိုင်းယှဥ်လိုက်ပါ။ အဓိကကွာခြားချက်က ကိန်းဂဏန်းကြီးလေ ကိုယ့်ကငွေကြေးအရ ဘယ်နေရာမှာရပ်နေလဲ သိနိုင်လေဘဲ ဖြစ်ပါတယ်။ အမြဲတမ်းမျက်စိဒေါက်ထောက် ကြည့်နေပါ။ အဲ့တာက ကိုယ်သတ်မှတ်ထားတဲ့ ငွေကြေးရည်မှန်းချက်တွေကို ဘယ်အခြေအနေထိရောက်နေလဲဆိုတာ ပြောပြနိုင်သလို ကိုယ်လမ်းချော်နေပြီဆိုရင်လည်း သတိပေးနိုင်ပါတယ်။

Source - Mother Finance

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်