လမ်းထိပ်က မုန့်ဟင်းခါးသည် ဒေါ်ငွေခင်ရဲ့ ငွေကြေးဒုက္ခ

24/12/2018 10:20 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မုန့်ဟင်းခါးသည်ဖြစ်ဖြစ် ခေါင်းရွက်ဗျက်ထိုးဖြစ်ဖြစ် ဈေးသည်ဖြစ်ဖြစ် နောက်ဆုံး ကျွန်တော်တို့ တောင်သူတွေပဲ ဖြစ်ဖြစ် ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်လာရင် ကိုယ့်အခက်အခဲနဲ့ ကိုယ်စီရှိတတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ လမ်းထပ်က ဒေါ်ငွေခင်တစ်ယောက် ငွေရင်းနည်းသွားလို့ စိတ်သောက ဗျာများနေရတာလေး ပြောပြပါဦးမယ်။

မုန့်ဟင်းခါးရောင်းနေရင်းနဲ့  သမီးတစ်ယောက်က ဖုန်းအသစ်လေးပူဆာလို့ သားသမီးကို ချစ်တဲ့စိတ်နဲ့ အလိုလိုက်ခဲ့မိရာက ငွေရင်းပျောက်သွားပါတယ်။ ချေးယူထားတဲ့ အကြွေးကလည်း ပြန်ဆပ်ဖို့ကလည်း အချိန်ကကျလာ။ သမီးအကြီးရဲ့ ကျူရှင်လခကလည်း ပေးရဖို့ကြုံလာ။ တစ်ပူပေါ် ၂ ပင်ဆင့်ယုံသာမက နောက်နေ့ရောင်းဖို့ မုန့်ဟင်းခါး ဈေးဖိုးလေးပါမရှိတော့ မစားနိုင်မသောက်နိုင် စိတ်ပူပင်နေရပါပြီ။

ဘေးပတ်ဝန်းကျင်က ကူညီပေးဖို့ထက် အတင်းတုတ်ဖို့ပဲ အားသန်နေကြပါတယ်။ ဒီလိုပြဿနာတွေက လူတိုင်းလူတိုင်းမှာ ကြုံတွေရမှာမို့ သူများအလှည့်မှာ အတင်းတုတ်နေမယ့်အစား ကိုယ့်သာဖြစ်လာမယ်ဆိုရင် ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြိုတင်တွေးတော ထားဖို့လိုအပ်လာပါပြီ။ ငွေကြေးပြဿနာဟာ ဖြစ်လာတော့မှ မနိုင်မနင်းဖြေရှင်းတာထက် မဖြစ်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ရမှာတွေ အများကြီးပါ။

ငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာမထားဘဲနဲ့ ရှောင်ရှားနိုင်ဖို့ဆိုတာ တော်တော်လေးမဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်ကို အစိမ်းရောင်လမ်းနဲ့ Mango ပူးပေါင်းဆောင်ရွက်သွားမှာမို့ ဆက်လက်လေ့လာကြပါစို့။

Source - Mango Magazine

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်