လာမဲ့ နှစ်သစ်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသော တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးပညာရှင်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ ဆက်စပ်လျက်ရှိသူ မိသားစုဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း အစိမ်းရောင်လမ်း အဖွဲ့သားများမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။
အစိမ်းရောင်လမ်းအဖွဲ့သားများအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ် အသုံးပြုသူတွေဆီကပေးတဲ့ တန်ဖိုးရှိတဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖော်နိုင်ခဲ့တာဟာ အဖွဲ့သားတွေအတွက်တော့ ဝမ်းသာကြည်နူးစရာပါပဲ။ လာမဲ့၂၀၁၉ခုနှစ် မှာလည်း ကျန်နေသေးတဲ့ အကြံပြုချက်တွေကို ဦးစားပေးအစီအစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားရင်း အခုထက် ပိုမိုကောင်းမွန် အကျိုးပြုနိုင်တဲ့ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားပါရစေ။ အခုလိုမျိုး အစိမ်းရောင်လမ်းကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြည့်စွက်ခွင့်ပေးတဲ့အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
အသုံးပြုသူများအနေနဲ့ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ် အသုံးပြုချိန်မှာ အဆင်မပြေတာတွေ ဖြစ်ပေါ်ခဲ့ရင်လည်း အနူးအညွှတ်တောင်းပန်ပါတယ်။
တောင်သူများအတွက်
အစိမ်းရောင်လမ်း