ဖုန်းဆော့ဝဲလ်တွေကို ဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ

13/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းအကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ဆော့ဝဲလ်တွေကို ဘယ်နေရာကနေ ဒေါင်းလုဒ်လုပ်နိုင်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းဆော့ဝဲလ် လေးတွေ လိုချင်ရင် ဘယ်လိုလုပ်ကြလဲ ခင်ဗျ။ ပုံမှန်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် လိုချင်တဲ့ ဆော့ဝဲလ်လေးတွေကို ဒေသအခေါ်  ဇာပြာ၊ ဇက်နီ (Zapya) နဲ့ ကူးယူကြမယ် ထင်ပါတယ် ခင်ဗျ။ မိမိကိုယ်တိုင်လည်း ဆော့ဝဲလ်တွေကို ဒေါင်းလုဒ် ရယူနိုင်တယ်ဆိုတာ သိပါသလား ခင်ဗျ။  

အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့အတွက် ဆော့ဝဲလ်တွေကို ဖုန်းအရောင်းဆိုင်တွေမှာ လာရောက် ထည့်သွင်းခိုင်းစရာ မလိုတော့ဘဲ ပလေးစတိုး (Play Store) အက်ပလီကေးရှင်း ထည့်လိုက်တာနဲ့ မိမိ အသုံးပြုချင်တဲ့ အက်ပလီကေးရှင်း တွေကို ဒေါင်းလုဒ် လုပ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မိမိ လိုချင်တဲ့ ဆော့ဝဲလ်ကို ပလေးစတိုး (Play Store) ထဲမှာ နာမည်ရိုက်ပြီးတော့ ရှာလိုက်တာနဲ့ လိုချင်တဲ့ ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေကို ရရှိမှာဖြစ်ပါတယ် ခင်ဗျ။  

ပလေးစတိုး (Play Store) ကနေ ဆော့ဝဲလ်တွေ ဒေါင်းလုဒ် လုပ်နိုင်ဖို့အတွက် အောက်မှာ ရေးထားတဲ့ အချက်တွေ ပြည့်စုံဖို့တော့ လိုအပ်ပါတယ် ခင်ဗျ။ 

(၁) အရင်ဆုံး မိမိရဲ့ ဖုန်းမှာ ဂူးဂဲလ် ဝန်ဆောင်မှု (google service) ရှိဖို့ လိုအပ်ပါတယ်။ အချို့သော ဖုန်းတွေမှာ ဂူးဂဲလ် ဝန်ဆောင်မှု မပါဝင်တဲ့အတွက် ပလေးစတိုး (Play Store) ), ဂျီတော့ခ် (Talk), ဂျီမေးလ် (Gmail) စတာတွေ သုံးလို့မရပါဘူး။

 (၂) ဖုန်းမှာ ဂူးဂဲလ် အကောင့် (google account) တစ်နည်းအားဖြင့် ဂျီမေးလ် (Gmail) ဖွင့်ပြီးသား ထည့်ထားပြီးသား ဖြစ်ရပါမယ်။  ဖုန်းရဲ့ ဆက်သွားပုံစံ 

 Setting ထဲကိုဝင် ပြီးရင် account & sync ဆိုတဲ့ နေရာလေးမှာ မှာ မိမိရဲ့ ဂျီမေးလ်  (gmail) အကောင့်ကို ဝင်ထားပေးရမှာ ဖြစ်ပါတယ်။

(၃) ပြီးရင်တော့ မိမိရဲ့ ဂျီမေးလ်  (gmail) အကောင့်ကို သုံးပြီး ပလေးစတိုး (Play Store) ဆော့ဝဲလ်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရောက်ရင်တော့ စသုံးလို့ ရပြီ ဖြစ်ပါတယ်။ 

(၄) တစ်ချို့ဖုန်းတွေမှာတော့ာ Play Store ပုံ ပါနေပြီး ဒေါင်းလုဒ် လုပ်မရတာနဲ့ အဆင်မပြေတာမျိုး ဖြစ်နေရင်တော့ ပလေးစတိုး ဆော့ဝဲလ် ဗားရှင်း (version) ပြောင်းသုံးရမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။ 

ယခင်တစ်ပတ်က အအင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းကြောင်း ဖော်ပြခဲ့တဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မိမိဖုန်းမှ အင်တာနက်(ဟော့စပေ့ါ)လွှင့်ပေးနည်း

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်