အင်တာနက် ပက်ကေ့ချ် (Package) ဘယ်လိုဝယ်မလဲ  

12/10/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဂူးဂဲလ် (Google)  အကြောင်း မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဖုန်းအင်တာနက် ပက်ကေ့ချ် (Package) ဝယ်နည်း၊ စစ်နည်း လေးတွေ ပြန်လည်မျှဝေပေးသွားပါမယ် ခင်ဗျ။ 

      ဖုန်းဘေထည့်ပြီးလို့ အင်တာနက် ပက်ကေ့ချ် မဝယ်ဘဲ လိုင်းသုံးမယ်ဆိုရင် ခဏလေးနဲ့ ပိုက်ဆံတွေ အများကြီး ကုန်သွားတယ်ဆိုတာ တောင်သူဦးကြီးလေး ဒေါ်လေးတို့ သိကြလားခင်ဗျ။ အင်တာနက် ပက်ကေ့ချ် ဝယ်ပြီး သုံးမယ်ဆိုရင်တော့ အင်တာနက် ကြာကြာသုံးလို့ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ် ခင်ဗျ။ ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ 

အင်တာနက် ပက်ကေ့ချ် (Package) ဝယ်နည်း

MPT       -     *777# Call 

Mytel      -     *966# Call

Telenor   -     *979# Call 

Ooredoo -     *140# Call 

အင်တာနက် ပက်ကေ့ချ်ဝယ်ပြီး သုံးပြီးနောက်မှာ မိမိမှာ အင်တာနက် ပက်ကေ့ချ် ဘယ်လောက်ကျန်သေးလဲ ဆိုတာ သိချင်ရင်လည်း စစ်လို့ရပါသေးတယ်ဗျ။  

အင်တာနက် ပက်ကေ့ချ် (Package) စစ်နည်း

MPT       -     *224# Call

Mytel      -     *124*3# Call 

Telenor   -     *124*1# Call

Ooredoo -     *4646# Call 

     ဒါဆိုရင် တောင်သူဦးကြီးတွေ အနေနဲ့ ဖုန်းသုံးရင်း အင်တာနက် ပက်ကေ့ချ်လေးဝယ်ဖို့ရော၊ စစ်ဖို့ရောကို သိသွားပြီလို့ ယုံကြည်ပါတယ် ခင်ဗျ။ အင်တာနက် ပက်ကေ့ချ်ဝယ်ပြီး စိုက်ပျိုးရေး နည်းပညာတွေ အများကြီး လေ့လာနိုင်ပါတယ် ခင်ဗျ။    

     ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဂူးဂဲလ် (Google)  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဂူးဂဲလ်(Google) ဆိုတာ ဘာလဲ

Facebook Page
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်