ရေကို အကျိုးများအောင် ဘယ်လို သောက်ကြမလဲ

11/08/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

        ရေ အသက် တစ်မနက်ဆိုပြီး ရေရဲ့ အရေးပါပုံကို တင်စားပြောဆိုကြပါတယ်။ ကျန်းမာရေး ကောင်းချင်ရင် ရေများများသောက်လို့လည်း ပြောကြပါတယ်။ လူရဲ့ ကိုယ်ခန္ဓာမှာ အဓိက လိုအပ်တာက ရေဓာတ်ပါ။ ရေကို စနစ်တကျ သောက်မယ်ဆိုရင် ကျန်းမာပြီး အရွယ်တင်စေနိုင်တယ်ဆိုတာ သုတေသန ပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒါဆို ရေကို ဘယ်အချိန်တွေမှာ ဘာအတွက် သောက်ရမလဲဆိုတာလေးကို မျှဝေချင်ပါတယ်။

       အိပ်ယာထ ထချင်းမှာ ရေ ၂ဖန်ခွက်လောက် သောက်ပေးတာဟာ အူကို သန့်စင်စေပြီးတော့ ကိုယ်တွင်း အင်္ဂါတွေကို နှိုးလိုက်တဲ့သဘော ဖြစ်စေလို့ မနက် အိမ်ယာထ ရေသောက်တဲ့ အကျင့်ကို ကျင့်ထားသင့်ပါတယ်။ ကျန်းမာစေဖို့ မနက်ပိုင်းမှာ သတိထားရမယ့် အချက်လေးတွေကတော့

       မနက်အိမ်ယာထချိန်မှာ သွားမတိုက်သေးဘဲ ရေ 160ml ကို သောက်ပါ။ ခဏနေမှ သွားတိုက်ပါ။

       သွားတိုက်ပြီး 45-50 မိနစ်အတွင်းမှာ ဘာအစားအစာမှ မစားတာ ကောင်းပါတယ်။ ပြီးရင် မနက်စာကို စားပါ။

       မနက်စာ စားပြီး နောက် ၂နာရီအတွင်း ဘာမှ ထပ်မစားပါနဲ့။ ဒီလို ပြုမူနေထိုင်ကြည့်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ ထိန်းပေးသား ဖြစ်ပါလိမ့်မယ်။

ဘယ်အချိန်တွေမှာ ရေသောက်တာ အကောင်းဆုံးလဲ

       - အိပ်ရာနိုးပြီး ရေနှစ်ခွက်သောက်ပါ ( ကိုယ်တွင်း ကလီစာတွေကို နိုးကြားစေဖို့အတွက်ပါ)

       - အစာ မစားခင် နာရီဝက် အလိုမှာ ရေတစ်ခွက်သောက်ပါ။ ( အစာချေစနစ်ကို ထောက်ပံ့ပေး၊ အစာ စားချင်စိတ်ကို လျှော့ချပေး)

       - ရေမချိုးခင် ရေတစ်ခွက်သောက်ပါ။ (သွေးဖိအားကို လျှော့ကျစေနိုင်)

       - အိပ်ယာ မဝင်ခင် ရေတစ်ခွက်သောက်ပါ။ (နှလုံးနဲ့ လေဖြတ်ခြင်းတွေကို တားဆီနိုင်)

       ကိုယ်အလေးချိန် ထိန်းချင်သူတွေ အတွက်ဆိုရင်တော့ ပေါင် ၁၅၀ အောက်သမားတွေကတော့ သောက်မယ့် ရေထဲမှာ လီမွန် တစ်ခြမ်းထည့်ပြီး သောက်ပါ။ ပေါင် ၁၅၀ အထက်တွေကတော့ လီမွန် တစ်လုံးလုံး ထည့်ပြီး သောက်ပေးရင် အဆီကျစေပါတယ်။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်