စားဖိုဆောင်သီးနှံတွေနဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ သဘာဝပိုးသတ်ဆေး

26/11/2019 13:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အိမ်မှာ အပင်လေးတွေစိုက်ထားတယ်။ နည်းနည်းပါ။ ကိုယ်တတ်နိုင်သလောက်လေး စိုက်ထားတာပါ။ အသက်တွေ ကြီးလာတော့လည်း ကိုယ်စိုက်ထားပျိုးထားတာ သန့်သန့်လေးကိုပဲ စားချင်တော့တယ်။

အဲ့လို စိုက်စားတော့လည်း နည်းနည်းလေးကို ပိုးတွေကကျနေပြန်တော့ ပိုးသတ်ဆေးတွေသုံးလည်း မသုံးချင်တာကြောင့်မို့လို့ ဘာတွေလုပ်ရမလဲလို့ ညည်းနေကြတဲ့ သူတွေရှိတယ်ဆိုရင် အိမ်က မီးဖိုဆောင်ထဲကိုသွားပြီးတော့ အဖြေရှာ ကြည့်ကြရအောင်။

အိမ်နောက်ဖေး ကလိုအပ်တဲ့ ပစ္စည်းတွေက

Phytolacca (pokeweed) ။ ရွက်ဖျက်ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်။ အပင်ပုံလေးကို အောက်မှာ ထည့်ပေးထားပါတယ်နော်။

 ခရမ်းချဉ်ရွက်။ ။ ရွက်ဖျက်ပိုး ရွက်စားပိုးတွေကို ပြေးစေနိုင်ပါတယ်။

ချစ်တီးပန်း။ ။ ပုရွက်ဆိတ်တွေ၊ နီမတုတ်တွေ၊ ရွက်ဖျက်ပိုးတွေကိုပြေးစေပါတယ်။

ငရုတ်သီး။ ။ ပုရွက်ဆိတ်၊ ပျပိုးတွေ၊ ကျိုင်းကောင်တွေ၊ ရွက်ဖျက် ရွက်စားပိုးတွေကို ပြေးစေပါတယ်။

တမာရွက်။ ။ ငှက်ပျောပင်ထိုးတဲ့ ကျိုင်းကောင်တွေ၊ ရွက်လိပ်ရွက်ဖျက်ပိုးတွေ၊ တစ်ချို့မှိုရောဂါတွေကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ ဒါမှ မဟုတ် ကြက်သွန်နီ။ ။ သူတို့က ပုရွက်ဆိတ်၊ ပျပိုး၊ ငမြှောင်တောင်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးတွေကို ပြေးစေပါတယ်။

အိမ်မှာ အကုန် မရှိဘူးလေ ဘယ်လိုလုပ်မလဲဆို မပူပါနဲ့ တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့ သူရှိပြီးသားဆိုတော့ တစ်မျိုးချင်းစီ သုံးလို့လည်း ရပါတယ်။ အဆင်ပြေသလို ပေါင်းပြီးတော့ လုပ်လို့လည်း ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ ခုနကပြောတဲ့အရွက်တွေကို သေးသေးလေးတွေ လှီးပြီးတော့ ရေစိမ် အဖုံးအုပ်ထားရမှာ ဖြစ်ပါတယ်။ ()ရက်လောက်ကြာအောင်ထားမလား ဒါမှ မဟုတ်ရင် မိနစ် (၂၀)လောက်ပွက်အောင် တည်လိုက်မလား ဆိုတာကို ရွေးလို့ရပါတယ်။

အချိုးကတော့ ရေ ()လီတာထဲမှာ

ခရမ်းချဉ်ရွက်ဆို - ၆ ခွက်

Phytolacca (pokeweed) ဆို - ၂ ခွက်

ချစ်တီးပန်းရွက် - ၇ ခွက်

ငရုတ် - ၁ ခွက်

တမာရွက် - ၅ ခွက်

ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီဆိုရင် ၇ တက် ၇ ဥလောက် ထည့်ပေးရင် အဆင်ပြေပါတယ်။

အချိုးတွေလည်း သိပြီး လုပ်လည်း လုပ်ပြီးပြီ ဘယ်လိုဖျန်းရမလဲဆိုရင်တော့

ဆပ်ပြာရည်နဲ့ ရောပေးပါ။ ဆပ်ပြာထည့်ပေးတာက အပင်တွေမှာကပ်အောင် ကပ်ဆေးထည့်ပေးတာ ဖြစ်ပါတယ်။ အဲ့လိုဆိုတော့ ကိုယ်တိုင်လုပ်ထားတဲ့ ပိုးသတ်ဆေးကို ဖျန်းမယ်ဆိုရင် ဆပ်ပြာရည်တစ်ခွက်၊ ပိုးသတ်ဆေး တစ်ခွက် ရောပြီးတော့ အပင်တွေကို သေသေချာချာဖျန်းပေးရမှာပါ။ ပိုးသတ်ဆေးက ကိုယ်တိုင်လုပ်ထားတဲ့ ပိုးသတ်ဆေးဖြစ်ပေမဲ့လည်း ဆေးဖျန်းတဲ့အခါမှာတော့ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်းတွေကို သုံးပေးဖို့ လိုအပ်မှာပါ။

ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကိုယ်လက်လှုပ်ရှား အပင်လေးတွေကိုယ်တိုင်စိုက်ကြပါ။ အာဟာရပြည့်ပြည့်စားသုံးပါ။ အဲ့အပြင်ကို အန္တရာယ်ကင်းတဲ့ အစားအစာတွေကိုလည်း ရွေးချယ် စားသုံးနိင်ကြပါစေလို့ တောင်းဆုပြုရင်း ကိုယ်တိုင်လုပ်နိုင်တဲ့ ပိုးသတ်ဆေးလုပ်နည်းလေးကို တင်ဆက်လိုက်ရပါတယ်။

ထွန်းဝင်းကျော် 

Reference

www.kilimohai.org

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်