အတိုး အတိုး အတိုး

24/07/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို စီးပွားရေးတစ်ခုအဖြစ်လုပ်မယ်ဆိုရင် အကြွေးဆိုတဲ့ ကိစ္စကတော့ ကင်းတဲ့ သူ ရှိလားဟေ့၊ အမှန်တော့ စိတ်ရင်းနဲ့ အကြွေးမရှိပဲ ကင်းစေချင်ပါတယ်။ ကင်းနိုင်ကြပါစေ။ 

     စာဖတ်တဲ့သူတွေထဲ မှာ လုပ်ငန်းရှင်တွေလည်းပါမှာပါ၊ အဲ့တော့ "ငါ့မှာ ပိုက်ဆံရှိတယ် ထုတ်ချေးပေးမယ်" လို့တွေးနေရင်လည်း ဖတ်သင့်ပါတယ်နော်၊ အတိုးအကြောင်းကို ပြောပြမှာမို့ပါ။ ပိုက်ဆံချေးမှတော့ အတိုးမပေးရတာ မရှိပါဘူး၊ အနည်းဆုံးတော့ မုန့်ဝယ်ကျွေးရတာပေါ့၊ 

အတိုး ဆိုတာ ဘာလဲ 

     ကိုယ်ယူလိုက်တဲ့ ချေးငွေအပေါ်မှာ ထပ်ဆောင်းပေးရတဲ့ ငှားရမ်းခပါပဲ၊ သတ်မှတ်ထားတဲ့ နှုန်းတစ်ခုနဲ့ တွက်ချက်ပြီးပေးရပါတယ်။ ရပ်ကွက်ထဲမှာ ၅ ကျပ်တိုး၊ ၁၀ တိုး တို့ ဆိုတာ အတိုးနှုန်းပါပဲ၊ 

အတိုး ဘယ်နှစ်မျိုးလောက် ရှိသလဲ

     ဆိုတော့ကာ ကြားနေကျ ၅ ကျပ်တိုး ၁၀ တိုး ၁၅ ကျပ်တိုး ၂၀ တိုး မတ်တိုး မောင်တိုး အဲလေ ဟုတ်ပါဘူး။ အဲ့လို အတိုးတွေ ကိုပြောတာမဟုတ်ပဲနဲ့ တစ်ချို့လုပ်ငန်းကြီးတွေနဲ့ ချေးငွေပေးတဲ့ အဖွဲ့အစည်းတွေ သုံးနေကြတဲ့ သုံးတတ်ကြတဲ့ အတိုးနှုန်းတွေ ဘယ်လိုရှိတယ်ဆိုတာကို ဆိုလိုတာပါ။ 

     မှတ်စရာ - ရာခိုင်နှုန်းလို့ ပြောရင် အပုံ (၁၀၀) ပုံရပါတယ်နော်။ အဲ့ကနေမှ (၅) ရာခိုင်နှုန်းဆို (၁၀၀) ပုံ ထဲက (၅)ပုံစာတန်ဖိုး ဖြစ်ပါတယ်။ အလွယ်တွက်ရင် တွက်ချင်တဲ့ ကိန်းကို (၁၀၀) နဲ့စားပြီး သူပြောတဲ့ ရာခိုင်နှုန်းနဲ မြှောက်လိုက်ပါ။ (၂၀၀၀၀) ရဲ့ (၄၀) ရာခိုင်နှုန်းဆို (၂၀၀၀၀) ကို (၁၀၀) နဲ့ စားပြီး (၄၀) နဲ့ မြှောက်တာပါ။ အဖြေက (၈၀၀၀) ရပါတယ်နော်။ 

(၁) အတိုးသေ - Fixed Interest

     ဆိုတာကတော့ ချေးလိုက်တယ် ထားပါတော့ (၁၀၀၀၀) ဆိုရင် သူ့အတိုးက (၅) ရာခိုင်နှုန်းတိုး နဲ့ ချေးတယ် ဆိုတော့ အတိုးက (၅၀၀) ကျမယ်။ အဲ့တော့ သူဆပ်ရမှာ (၁၀၅၀၀) ဖြစ်မယ်။ အဲ့ဒါက အလွယ်ဆုံးနည်းပါပဲ။ ဘယ်လောက်ချေးချေး ဘယ်ချိန်ထိချေးချေး အချိန်နဲ့ လိုက်တွက်လိုက်ရုံဖြစ်ပါတယ်။ 

(၂) အတိုးရှင် - Variable Interest

     ပြောင်းလဲနိုင်တဲ့ အတိုးနှုန်းဖြစ်ပါတယ်။ များသောအားဖြင့် ဘဏ်တွေ သုံးလေ့ရှိပါတယ်။ 

(၃) နှစ်အလိုက် တိုးတဲ့ ရာခိုင်နှုန်း Annual Percentage Rate (APR)

     ဒါကလည်း ငွေချေးလုပ်ငန်းတွေမှာဆိုရင် အများဆုံးသုံးပါတယ်။ သူတို့မှာ နှစ်အလိုက်ပဲ ချေးပေးပါတယ်။ အဲ့တော့ ပေးရရင်လည်းတစ်နှစ်လုံးစာအတွက် အတိုးပေးနေတာပါ။ ဘဏ်မှာငွေစုတဲ့သူတွေဆိုရင်လည်း သူတို့က အဲ့အတိုင်း နှစ်အလိုက် တွက်ပြီးတော့ အတိုးပေးပါတယ်။

(၄) ထုတ်ပြန် အတိုးနှုန်း - Prime Rate

     ကိုဗစ် ကြီးကြောင့် ဘဏ်တွေက အတိုးနှုန်းလျော့ပေးပါတယ် ဆိုတာက နိုင်ငံတော်ကနေပြီးတော့ သတ်မှတ်ထုတ်ပြန်ပေးလိုက်လို့ သက်ရောက်လာတဲ့ အကျိုးဖြစ်ပါတယ်။ အဲ့လို  နိုင်ငံကနေ အသိအမှတ်ပြုထားတဲ့ ဘဏ်တွေက လုပ်ငန်းလုပ်ကိုင်တဲ့အခါမျိုးမှာ နိုင်ငံက ချထားတဲ့  အတိုးနှုန်းအတွင်းမှာပဲ ကစားကြရတာပါ။ အဲ့တော့ ဒီအတိုးကတော့ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ 

(၅) လျော့ချ အတိုးနှုန်း - The Discount Rate

     ဒါက မြန်မာနိုင်ငံမှာတော့ မရှိသေးဘူးထင်ပါတယ်။  USကတော့ သုံးနေကြပြီ။ အတိုးကို လျော့ပေးတာ တစ်နေ့တည်းဖြစ်ချင်ဖြစ်မယ်။ တစ်ညပဲဖြစ်ချင်ဖြစ်မယ်။ အဲ့အချိန်မှာ ချေးလိုက်ရင်တော့ အတိုးက သူများထက် သက်သာမှာ အမှန်ပါပဲ။ ဒီလို အတိုးမျိုးလည်း နောက်ပိုင်းကျ လာချင်လာမှာပေါ့လေ၊

(၆) ရိုးရိုးအတိုး - The Simple Interest

      သူက ချေးချင်သလိုချေး အတိုးတက်မယ်။ နှစ်ချုပ် လချုပ်တွေမဟုတ်ပဲနဲ့ အတိုးသတ်နေရင် ရတဲ့ ရပ်ကွက်ထဲက လိုပါပဲ။ တစ်လကိုဘယ်လောက်ဆိုပြီး တိုးတဲ့ အတိုးပါ။ ဒီအတိုးက များပါတယ်၊ 

(၇) စုပေါင်း အတိုး - Compound Interest

     မြင်တာနဲ့တင် ကြောက်ဖို့ ကောင်းနေပြီမဟုတ်လား၊ အတိုးပေါ် အတိုးဆင့်တာလည်း ရှိသလို၊ အတိုးနဲ့ အရင်း ပြန်ခွဲသွင်းရင်းနဲ့ ကျန်တဲ့ငွေပေါ်မှာပဲ အတိုးတွက်ပေးတာမျိုးလည်း ရှိပါတယ်။ ဆိုတော့ ကောင်းတဲ့ စုပေါင်းနဲ့ မကောင်းတဲ့ စုပေါင်းပေါ့လေ။ သေချာတော့ ရွေးရမယ်လေနော်။ 

     ကဲကဲ အတိုးတွေအကြောင်းစုံပြီ၊ နောက်တစ်ခါကျ ဘာတွေ လာအုန်းမလဲဆိုတာကိုစောင့်ပေးကြပါဦး

ကြွေးမှီကင်းရှင်း ထွန်းလင်းနိုင်ကြပါစေ...

ထွန်းဝင်းကျော်

https://www.thestreet.com/personal-finance/education/different-types-of-interest-14833335

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်