ဖုန်းထဲမှာ ပါဝင်တဲ့ Setting (ဆက်တင်) ကိုလေ့လာခြင်း

08/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ် ခင်ဗျ။

ယခင်တစ်ပတ်ကတော့ အင်တာနက်အသုံးပြုရာမှာ အဓိကကျတဲ့ မီဂါဘိုက် အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ မိုဘိုင်းဖုန်းတစ်လုံးမှာ အခြေခံ အကျဆုံးအပိုင်းဖြစ်တဲ့ ဆက်တင် (Setting) မှာပါဝင်တဲ့ အပိုင်းလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။

ဗားရှင်း အမျိုးမျိုးရှိနေပေမယ့် ကွာခြားမှုရှိလျှင်လည်း အနည်းငယ်သာ ဖြစ်ပါလိမ့်မယ် ခင်ဗျ။ ဖုန်း တိုင်းမှာ ဖုန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်အဖြစ် ဆက်တင် ဆိုတဲ့ အပိုင်းကို ထည့်သွင်းထားပါတယ်။ ဆက်တင်ဆိုတာကတော့ ဖုန်းဝယ်ကတည်းကပါလာတဲ့ ဆက်သွားပုံစံအဝိုင်းလေးဖြစ်ပါတယ်။  ဆက်တင် မှာပါဝင်တဲ့ အပိုင်းလေးတွေကို လေ့လာကြည့်ရအောင်ပါ ခင်ဗျ။ 

Wireless and networks (လိုင်းများ ချိတ်ရန်) 

Sound (အသံပိုင်းဆိုင်ရာ) 

Display (မြင်ကွင်းပိုင်းဆိုင်ရာ) 

Location and Security (တည်နေရာနှင့် လုံခြုံရေး) 

Applications (အသုံးချ ပရိုဂရမ်များဆိုင်ရာ) 

Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုင်ရာ) 

Language and Keyboard (ဘာသာစကားနှင့် စာရိုက်ကွက်) 

Voice input and output (အသံဆိုင်ရာ အဝင်အထွက်) 

Accessibility (အခွင့်အရေးဆိုင်ရာ အသုံးအဝင်အတွက်) 

Date and Time (အချိန်နဲ့ နေ့ရက်) 

About Phone (အချက်အလက် မှတ်တမ်း) 

ဖုန်း အသုံးပြုနေတယ်ဆိုရင်တော့ ဆက်တင် (Setting)  ထဲမှာ ပါဝင်တဲ့ အခြေခံ အချက်အလက်တွေကို တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ သိဖို့ လိုမှာ ဖြစ်ပါတယ် ခင်ဗျ။ အခုဆိုရင် ဗဟုသုတအနေနဲ့ ဆက်တင်ထဲမှာ ဘာတွေပါလဲ ဆိုတာ အနည်းငယ်တော့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

ယခင်တစ်ပတ်က မီဂါဘိုက် အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မီဂါဘိုက်(MB) နှင့် မီဂါဘစ်(Mb) အကြောင်း သိကောင်းစရာ

ကိုးကား- 

Android ပေါ်မှလက်တွေ့သုံးနည်းပညာ

သန်းထိုက် (ရွှေရိပ်) 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်