ကျွဲနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံတစ်ခု

06/02/2019 15:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့်ကူးပြောင်းရန် ကြိုးပမ်းဆဲကာလတွင် လက်ငင်းအခြေအနေ၌ လယ်ယာလုပ်ငန်းခွင် အချို့နေရာများအတွက် ခိုင်းကျွဲနှင့် ခိုင်းနွားများကို အချို့သော လုပ်ငန်းများတွင် အားထားရဆဲဖြစ်သည်။ စက်မှုလယ်ယာဖြင့် ထွန်ယက်သည့်လုပ်ငန်းတွင် စိုက်ပျိုးမြေ ၏ ၇၀ ရာခိုင်နှုန်းတွင်လည်း စက်ကိရိ ယာများ သုံးစွဲနိုင်ခဲ့ပြီဖြစ်၍ ကျန် ၃၀ ရာခိုင်နှုန်းတွင် ကျွဲနွားများဖြင့် ထွန်ယက်လျက်ရှိသည်။

ထိုကာလ၌ပင် အိမ်နီးချင်းနိုင်ငံကြီးတစ်ခုက မြန်မာ့ကျွဲနွားများကို ဝယ်ယူနေသဖြင့် ကုန်သည်ပွဲစားများက ပြည်တွင်း ၌ဝယ်ယူကာ တင်ပို့နေကြသည်။

ယခင်က (၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မတိုင်ခင်အထိ) ကျွဲနွားတင်ပို့ရောင်းချသူများသည် ကျွဲ နွားများကို ကိုယ် တိုင်မွေးမြူထားကြောင်း (သို့) မွေးဖက်ပေး၍ မွေးမြူထားစေခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ရာတင်ပြရန်မလိုပဲ နိုင်ငံတော်က ၎င်းတို့အား တင်ပို့ခွင့်ပြုထားခဲ့သည်။

သို့သော် နိုင်ဝင်ဘာ ၁၂ ရက်နေ့ကစပြီး ပြည်ပသို့ ကျွဲနွားတင်ပို့မည့် ကုမ္ပဏီများသည် တင်ပို့ရောင်းချမည့် ကျွဲနွားများမှာ ကိုယ်တိုင်မွေးမြူထားသော ကျွဲနွား (သို့) မွေးဖက်ပေး၍မွေးမြူထားသည့်  ကျွဲ နွားများဖြစ်ကြောင်း အထောက်အထားများကို မွေးမြူရေးစီမံချက်နှင့်အတူ တင်ပြကြရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားသည်ဟု သိရသည်။ ရည်ရွယ်ချက်မှာ ပြည်တွင်း၌ ခိုင်းကျွဲနွား အတွက်သာမက မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးကိုလည်း အလေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမရိုးကျ စိုက်ပျိုးရေးစနစ်တွင် ကျွဲနွားများ၏လုပ်အားသည် ဆက်လက်ပါဝင်နေဦးမည်ဖြစ်သည်။ စက် မှုလယ်ယာစနစ်သို့ ကူးပြောင်းနေချိန်၌ပင် ထွန်ယက်စိုက်ပျိုး သယ်ယူပို့ဆောင်ရေးတို့အတွက် ကာလတစ်ခုအထိ အရေးပါနေဦးမည်ဖြစ်သည်။

ယခုညွှန်ကြားချက်သည် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးကိုပါဦးတည်ကာ အဘက်ဘက်က သုံးသပ်ထုတ်ပြန်လိုက်ခြင်းဖြစ်၍ ပြည်တွင်းအတွက်ရော ပို့ကုန်အတွက်ပါ အကျိုးရှိစေမည်ဖြစ်သည်။

သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်သုန်းလျော့ပါးမသွားစေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ရုံသာမက ပြည်လည်ဖြည့်တင်းရမြဲဖြစ်သကဲ့သို့ ကျွဲနွားအင်အားလျော့ပါးမသွား စေရန် လည်း စီမံလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။

သစ်တောများ ခုတ်ယူသုံးစွဲနေချိန်ပင် စီမံကိန်းချ၍ ပြန်လည်ပျိုးထောင်စိုက်ပျိုးရသကဲ့သို့ လယ်ယာ လုပ်ငန်းခွင်သုံး ကျွဲနွားများ ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေချိန်၌ပင် လျော့ပါးသွားမည့် ကျွဲနွားများအတွက် ကျွဲနွားမွေးမြူရေးလုပ်ငန်းများဖြင့် ပြန်လည်အစားထိုး အားဖြည့် နေကြရန်လည် အထူးလိုအပ်လှသည်။

ထို့ကြောင့် ပြည်ပတင်ပို့သူများက အကန့်အသတ်မရှ် ပရမ်းပတာတင်ပို့ခြင်းကို တားမြစ်သည့်အနေဖြင့် လည်းကောင်း လျော့ပါးသွားမည့်ကျွဲနွားများအတွက် မွေးမြူရေးခြံများမှ အမြဲဖြည့်တင်းပေးနိုင်ရန် အတွက်လည်းကောင်း လိုအပ်သည့် ညွှန်ကြားချက်တစ်ရပ်ကို လိုအပ်လာချိန်တွင် အချိန်ကိုက် ထုတ် ပြန်လိုက်ခြင်းဖြစ်သည်ဟု ထင်မြင်မိပေသည်။

နိုင်ငံတော်ကိုယ်စား လိုအပ်လာ၍ သက်ဆိုင်ရာဦးစီးဌာနတစ်ခုက ကြီကြပ်ကာ ညွှန်ကြားချက် ထုတ် ပြန်လိုက်ခြင်းဖြစ်ရာ ကျွဲနွားပို့ကုန်လုပ်ငန်းရှင်များသည် ညွှန်ကြားချက်ကို တိကျစွာလိုက်နာကြရန် အ ထူးလိုအပ်ပေသည်။

အဆိုပါညွှန်ကြားချက်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာမှစ၍ ကျွဲနွားများပြည်ပသို့ တင်ပို့ခွင့် စတင် ခွင့်ပြုခြင်း၊ တစ်နှစ်ပြည့်အခါသမယတွင် ချိန်ကိုက်ထုတ်ပြန်လိုက်ခြင်းဖြစ်ရာ အဘက်ဘက်သုံးသပ်၍ ထုတ်ပြန်ထားသည့် ယင်းညွှန်ကြားချက်ကို လက်တစ်လုံးခြား လှည့်ဖြားဆောင်ရွက်ခြင်းမပြုကြဘဲ တိကျစွာလိုက်နာကြရန် လိုအပ်ပေသည်။

သို့မှသာ ပြည်တွင်း၌ လယ်ယာလုပ်ငန်းခွင်သုံးနှင့် စားနပ်ရိက္ခာသားငါးထုတ်လုပ်မှု လိုအပ်ချက်ကို လည်း အခက်အခဲမကြုံလာစေတော့ဘဲ ပြည်ပဝင်ငွေလည်း တိုးမြင့်ရရှိလာစေနိုင်မည်ဖြစ်၍ အောင်မြင် စွာ ကြီးကြပ်ဆောင်ရွက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက်ရပေသည်။

Source - လယ်ယာစီးပွားသတင်းဂျာနယ်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်