တောင်သူတွေအားလုံး မင်္ဂလာပါ ခင်ဗျ။ အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။
ယခင်တစ်ပတ်မှာ ဖေ့စ်ဘုတ်က သတင်းတုတွေကို ဘယ်လို စစ်ဆေးနိုင်မလဲဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးကြီးတွေ ဖေ့စ်ဘုတ်၊ အင်တာနက်သုံးရင်း ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits) ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။ ပိုနားလည်သွားအောင် ဥပမာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။
အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများ
1024 bits = 1 Kilo byte (KB)
1024 KB = 1 Mega Byte (MB)
1024 MB = 1 Giga Byte (GB)
မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှု
1 byte = 8 bits
1 MB = 8 Mb
12.5 MB = 100 Mb
1 GB = 8 Gb
ဒါကြောင့် ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေတယ်ဆိုတာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ မိမိအသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းလေးကို တောင်သူဦးကြီးတွေ အနေနဲ့ အခြေခံအားဖြင့် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။
ယခင်တစ်ပတ်က ဖေ့စ်ဘုတ် သတင်းမှန်/ မမှန် စစ်ဆေးနိုင်မယ့် ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ကိုးကားချက်- Technoland Computer Trading Co.,Ltd
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ