သတင်းနှင့်ဆောင်းပါးရေးနည်း အခမဲ့သင်တန်း ဖိတ်ခေါ်ခြင်း

04/04/2022 14:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) Green Way အနေဖြင့် သတင်းကဏ္ဍအပါအဝင် လက်တွေ့နှင့်ပိုမိုသက်ဆိုင်သည့်သတင်းဆောင်းပါးများ ပိုမိုတင်ဆက်လိုသည့်အတွက် ပြင်ပသတင်းနှင့်ဆောင်းပါးများ ဖိတ်ခေါ်ခဲ့ရာ လူငယ်အချို့ထံမှ သတင်းနှင့်ဆောင်းပါးများ ရောက်ရှိလာပါသည်။ 

(၂) ပေးပို့လာသူများအနေဖြင့် သတင်းရေးသားမှုပိုင်း အတွေ့အကြုံအားနည်းမှုများကြောင့် အခက်အခဲများ ရှိနေသည်ကို တွေ့ရ၍ Green Way က သတင်းနှင့်ဆောင်းပါးများ ယူနည်း၊ ရေးနည်းများနှင့် သတင်းဓာတ်ပုံတွင် ပါသင့်သည့်အချက်များကို အခမဲ့ သင်ကြားပေးသွားပါမည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် -

(၁) ဖြစ်နိုင်ပါက အကြောင်းအရာ တစ်ခုကို ရေးသားပြီး ပူးတွဲပေးပို့စေလိုပါသည်။ ယင်းကဲ့သို့ ရေးလာသည့်အကြောင်းအရာကို သင်တန်းတွင် တစ်ခါတည်း အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပြီး ပြည့်စုံသည့်သတင်းဆိုပါက Green Way App တွင် ဖော်ပြသွားပါမည်။ ( သတ်မှတ်စာမူခ ချီးမြှင့်သွားမည်ဖြစ်ပါသည်။)

(၂) သင်တန်းကို zoom app ဖြင့် သင်ကြားသွားမည်ဖြစ်ပြီး လျှောက်ထားသူများကို join ရမည့် link ကြိုတင်ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

သင်တန်းရက် - ၇.၄.၂၀၂၂ (ကြာသပတေး) (မနက် ၁၀ - ၁၂ နာရီ)

      ၈.၄.၂၀၂၂ (သောကြာ) (မနက် ၁၀ - ၁၂ နာရီ)

သင်ကြားမည့်သူ - ကိုဇင်ဘိုလွင် (Content Manager, Greenovator Co.,Ltd.)

စိုက်ပျိုး/မွေးမြူရေးနယ်ပယ်မှ မည်သူမဆို သင်တန်းတက်ရောက်နိုင်ပြီး ကိုယ်ရေးအကျဉ်းနှင့်တကွ articles@greenwaymyanmar.org သို့ e-mail ပို့ လျှောက်ထားနိုင်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်