မိုဘိုင်းဖုန်း အသုံးပြုရာတွင် သတိပြုရမယ့် အခြေခံ အချက်များ

17/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ စမတ်ဖုန်းတွေ ဘယ်တုန်းက ပေါ်ခဲ့လဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်များ ကို  မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဖုန်း အပူဓာတ်လွန်ကဲမှု မဖြစ်အောင် ဂရုစိုက်ပါ

       အချိန်ကြာမြင့်စွာ သုံးပြီး အပူလွန်ကဲတာတွေ၊ နေရောင်နဲ တိုက်ရိုက်ထိတွေ့တာတွေဟာ နည်းပညာဆိုင်ရာ ပစ္စည်းတွေကို ပျက်စီးလွယ်စေတဲ့ အပြင် အန္တရာယ်လည်း များပါတယ်။ 

၂။ ဖုန်း ထဲသို့ ရေမဝင်အောင် ဂရုစိုက်ပါ 

       လျှပ်စစ် ပစ္စည်းတွေဖြစ်တာကြောင့် ရေနဲ့ တိုက်ရိုက်ထိတွေ့လို့ မရပါဘူး။ ရေစိုခဲ့ရင် ခြောက်သွေ့အောင် သေချာပြုလုပ်ပြီးမှ ဖုန်းကို ပါဝါဖွင့်ပါ။ ဖုန်းခြောက်သွေ့ပြီးတဲ့နောက် ဖုန်းဖွင့်ကြည့်တဲ့အခါ ဖုန်းပါဝါ မပွင့်ဘူးဆိုရင်တော့ ဖုန်းဆိုင်ကို ပြကြည့်ပါ။ 

၃။ ဖုန်းကို အားကုန်အောင် မသုံးသင့်ပါ 

       ဖုန်း သုံးတဲ့ အခါမှာ ဖုန်းအား ကုန်သည်အထိ မသုံးသင့်ပါဘူး။ အဲ့လိုသုံးမယ် ဆိုရင် ဖုန်းရဲ့ ဘက်ထရီ သက်တမ်းနည်းပြီး စွမ်းဆောင်ရည်လည်း ကျနိုင်ပါတယ်။ ဘက်ထရီ အကုန်သက်သာစေတဲ့ ဆော့ဝဲလ် လေးတွေထည့်ပြီးတော့လည်း အသုံးပြုလို့ရပါတယ်။  

၄။ ဖုန်း ပွန်းပဲ့ ထိခိုက်မှုများမှ ကာကွယ်ပါ

       ဖုန်း သုံးနေရင် လွတ်ကျတာမျိုး၊ ပြုတ်ကျတာမျိုး ဖြစ်လာခဲ့ရင် ကာကွယ်နိုင်ဖို့အတွက် ဖုန်း ကာဗာတွေ၊ ဖုန်းမျက်နှာပြင်မှာ မှန်မကွဲလို အရာမျိုး ကြိုတင်ကပ်ထားတာတွေ ပြုလုပ်မယ်ဆိုရင် ထိခိုက်ပွန်းပဲ့မှုများမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

       ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ စမတ်ဖုန်းတွေ ဘယ်တုန်းက ပေါ်ခဲ့လဲ ဆိုတဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

စမတ်ဖုန်းတွေ ဘယ်တုန်းက စပေါ်လာခဲ့တာလဲ

Knowledge Box App  

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်