အာပုပ်ဆော်နံတာ၊ သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမယ့် သဘာဝသွားတိုက်ဆေး

04/05/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သွားနဲ့ခံတွင်းကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့မဆိုးဖို့လိုသလို အပြုံးချင်းဖလှယ်ရာမှာ ယုံကြည်မှုရှိဖို့လိုပါတယ်။

ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ၀ယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေ၀ယ်စရာမလိုဘဲ သဘာ၀ပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေးပြုလုပ်နိုင်ပါတယ်။

ပါ၀င်ပစ္စည်း

အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါ၀င်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွှေလိုက်ပါ။ ပြီးရင်သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။ အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။ ဒါ့ကြောင့် အာပုပ်ဆော်နံတာကို ပျောက်ကင်းစေပါတယ်။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်