Notification (အသိပေးချက်) ပိတ်ခြင်း လမ်းညွှန်

14/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်

Notification (အသိပေးချက်) ပိတ်ခြင်း လမ်းညွှန် 

Greenway (အစိမ်းရောင်လမ်း) ဆော့ဖ်ဝဲတွင် အသိပေးချက် ပိတ်ခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ထိုသို့ အသိပေးချက်ပိတ်ခြင်းကို လုပ်ဆောင်ရန်အတွက်

အဆင့် (၁) ဆော့ဝဲလ်၏ ပင်မစာမျက်နှာ အပေါ်ဆုံးဘား ညာဘက်ထောင့်တွင် ရှိသော စက်သွားပုံစံ setting ခလုတ်ကိုနှိပ်ပါ။

အဆင့် (၂) ပုံတွင်ပြထားသည့်အတိုင်း စာမျက်နှာတစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ ထို စာမျက်နှာ၏ အောက်ဆုံးတွင်ရှိသော အသိပေးချက် ဖတ်မည် / ပိတ်မည် ဟူသော ခလုတ် ၂ ခုတွင် အသိပေးချက်ပိတ်လိုပါက ပိတ်မည်ဆိုသော ခလုပ်ကို ရွေးချယ်နိုင်ပါတယ်။ 

အသိပေးချက် အားပိတ်ခြင်း/ ဖွင့်ခြင်းကို  မိမိစိတ်တိုင်းကျ ပြုလုပ်ထားနိုင်ပါတယ်။ 

အသိပေးချက်အား ပိတ်ထားပါက သတင်း၊ နေ့စဥ်သီးနှံဈေးနှုန်း စသည့် အချက်အလက်အသစ်များ အချိန်နဲ့တစ်ပြေးညီ မရရှိနိုင်သည်မျိုး ဖြစ်တတ်ပါတယ်။ 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်