" မိုးရာသီတွင် အဖြစ်များသော ဝမ်းတွင်းကပ်ပါးပိုးများ "

02/07/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကျွဲ၊ နွားများတွင် ဝမ်းတွင်းကပ်ပါးပိုးစွဲကပ်သော ရောဂါမှာ မိုးရာသီတွင် အဖြစ်များကြပါသည်။

ရောဂါဖြစ်စေသည့် အကြောင်းရင်းများ

၁။ အများအားဖြင့် ကျွဲ၊ နွားများ စားသော မြက်ခင်းများ၊ သောက်ရေများမှ တဆင့်ကူးစက်ပြန့်ပွားနိုင်သည်။

၂။ သန်ကောင်၊ တုတ်ကောင်များ ကျွဲ၊ နွား၏ အစာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေခြင်းကြောင့် ဖြစ်ပွားနိုင်သည်။

၃။ အသက်ငယ်သော ကျွဲ၊ နွားများနှင့် အာဟာရမပြည့်ဝသော ကျွဲ၊ နွားများတွင်လည်း ကပ်ပါးများ ကျရောက်လွယ်သည်။

၄။ မိခင်မှ သားသမီးများဆီသို့လည်း ကူးစက်တတ်သည်။ မိုးရာသီတွင် အဖြစ်များပြီး ကျွဲ၊ နွား များ၏ ကိုယ်တွင် ရေခမ်းခြောက်ပြီး သေသည်အထိဖြစ်နိုင်သည်။

ရောဂါလက္ခဏာများ

၁။ ကျွဲ၊ နွားများ ပိန်ပြီး အားနည်းနေတတ်သည်။

၂။ ခံတွင်းပျက်သည်။

၃။ ဗိုက်ပူနေသည်။

၄။ သွေးအားနည်းသည်။ နှာထိပ်ဖျားအရောင်ဖျော့ပြီး စေးကပ်နေသည်။ အသားများ အရောင်ဖျော့သည်။

၅၊။ ဝမ်းလျှောတတ်သည်။

ကာကွယ်ခြင်း

၁။ စားကျက်တစ်ခုတည်း၊ မြက်ခင်းတစ်နေရာတည်းတွင် လွှတ်မကျောင်းဘဲ နေရာပြောင်းပေးပါ။

၂။ သဘာဝ သယဆေးပင်များဖြင့် သံချပေးပါ။

၃။ ကျွဲ၊ နွားများ နေထိုင်ရာဝန်းကျင်နေရာများကို သန့်ရှင့်းအောင်ထားပါ။

ကုသခြင်း

၁။ ဆင်တုံးမနွယ္်- ဆင်တုံးမနွယ်()ဆကို ရေ()ဆနှင့်ရောပြီး ပြုတ်ပါ။ ထိုပြုတ်         ရည်(၄၀)စီစီကို ကျွဲ၊ နွား၏ ကိုယ် အလေးချိန်(၃၀)ကီလိုဂရမ်အတွက် ()ပတ်မှ         ()ပတ်အထိ ဆက်တိုက်ပါ။

၂။ မန်ကျည်းသီးမှည့် - မန်ကျည်းသီးမှည့်အနှစ်(၃၀၀)ဂရမ်ကို ထောင်းထားသောဂျင်း  တက်(၁၅၀)ဂရမ်တွင် ဆား အနည်းငယ်နှင့်ဖျော်ပါ။ တစ်ကြိမ်နှင့်ကုန်အောင်တိုက်ရန် မလိုပါ။

၃။ ကွမ်းသီး - ကွမ်းသီး(-၁၀)လုံးကို ထောင်းပြီးရေနှင့်ဖျော်၍ ()ပတ်၊ ()ပတ်အထိ နေ့စဥ်တိုက်ပေးပါ။

၄။ သလဲသီး - သလဲသီး(၃၀၀)ဂရမ်ကို ထောင်းပြီး ရေ()လီတာတွင် ပြုတ်ပါ။ ပြုတ်ရည်ကို အအေးခံပြီ တစ်ရက်()ကြိမ်တိုက်ပါ။ ရက်များစွာ ဆက်တိုက်ရန် မလိုအပ်ပါ။

၅။ ထိကရုန်း - လေတွင် အခြောက်ခံထားသော ထိကရုန်းပင်တစ်ပင်လုံး (/)ကီလိုဂရမ်ခန့်ထိ ရေ()လီတာဖြင့် မိနစ်(၃၀)ကြာအောင် ကျိုပါ။ ပြုတ်ရည်(၅၀)စီစီကို တစ်ရက်()ကြိမ် တိုက်ပါ။

၆။ က္ကုသရမူလီ - လတ်ဆတ်သော အရွက်စိမ်းလက်()ဆုပ်ကို ထောင်းပြီး သကြား()ကျပ်သားနှင့် ရေအနည်းငယ်တွင် ဖျော်ပါ။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ()ရက် ဆက်တိုက်ပါ။

မှီငြမ်း - တိရစ္ဆာန်ရောဂါရိုးရာကုထုံးစာအုပ်မှ ကောက်နှုတ်ချက်များ။

ဦးဇော်(dof)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်