ဖုန်းအား အမြန်သွင်းနိုင်မယ့် နည်းလမ်းများ 

16/11/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ဖုန်းအား အမြန်သွင်းနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

       စမတ်ဖုန်းကို နေ့စဥ် ကိုယ်နဲ့ မကွာအသုံးပြုနေကြသလို အားသွင်းတဲ့ ကိစ္စဟာလည်း အလုပ်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဖုန်းအားသွင်းရာမှာ အချိန်ကုန်သက်သာစေဖို့ နည်းလမ်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ မှန်ကန်တဲ့ အားသွင်းကြိုးကို သုံးပါ 

       ခေတ်ပေါ်ဖုန်းတွေမှာ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ ကြိုးဟာ အလျှင်မြန်ဆုံး အားသွင်းပေးတယ်လို့ ယူဆလို့ မရပါဘူး။ ကြိုးမဲ့ အားသွင်းခြင်းဟာလည်း ကြိုးနဲ့ အားသွင်းခြင်းလောက် မမြန်ပါဘူး။ အားသွင်းနည်းပညာတွေ ထောက်ပံ့ပေးနိုင်တဲ့ Third-Party အားသွင်းကြိုးများကိုလည်း သုံးနိုင်ပါတယ်။  

၂။ လေယာဥ်ပျံပုံလေးနဲ့ Airplane Mode ကိုသုံးပါ  

       လျှင်မြန်စွာ အားသွင်းချင်ရင်တော့ Airplane Mode ကိုဖွင့်ပြီး အားသွင်းပါ။  အဲ့လိုအားသွင်းရင် ၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားပြည့်မြန်ပါတယ်။ 

၃။  ဖုန်းပါဝါပိတ်ပါ 

        အရေးကြီး ကိစ္စမျိုး မရှိဘူးဆိုရင်တော့ ဖုန်းပါဝါပိတ် အားသွင်းတာက စွမ်းအင်ကုန်စေမယ့်  အခြားအလုပ်တွေ မရှိတာကြောင့်  အားပြည့်မြန်စေပါတယ်။ 

၄။ ဘက်ထရီသက်သာစေတဲ့ Mode သုံးပါ 

       သူကတော့ ဖုန်းတစ်မျိုးနဲ့ တစ်မျိုး မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့် ဆက်တင် (Setting) ထဲဝင် ပြီးရင် ဘက်ထရီ (Battery) ထဲက Battery Saver ဆိုတဲ့ထဲမှာ ရှိပါတယ်။

၅။ မလိုတဲ့ ဆော့ဝဲနဲ့ လုပ်ဆောင်ချက်များ ပိတ်ပါ 

       အားသွင်းတဲ့ ချိန်မှာ ဝိုင်ဖိုင်တို့၊ အင်တာနက်တို့၊ ဘလူးတုဒ်တို့ စတာတွေကို ပိတ်ထားပေးပါ။ အဲ့သလို လုပ်ထားခြင်း အားဖြင့် အလိုအလျောက် အဆင့်မြှင့်တင်တာတွေကို ပိတ်ထားပေးပြီး  အားသွင်းမြန်စေပါတယ်။ 

၆။ အားသွင်းနေစဥ် ဖုန်းမသုံးပါနဲ့   

       ဖုန်းမျက်နှာပြင်ဟာ ဘက်ထရီ အဓိကကုန်စေတာမို့ အားသွင်းနေစဥ် ဖုန်းသုံးခြင်းကို ရှောင်ရှားပါ။ 

       အခုလောက်ဆိုရင် တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဖုန်းအားမြန်မြန်သွင်းနိုင်မယ့် နည်းလေးတွေ သိသွားမယ် ထင်ပါတယ်။ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။ 

       ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ ဆိုတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

အင်တာနက်သုံးရင် ဒေတာ ဘယ်လောက်ကုန်မလဲ

Androidpit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်