ဝတ်မှုန်ကူးတတ်တဲ့ ကျိုင်းကောင်ပိုးများ

20/08/2020 11:30 AM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       ဝတ်မှုန်ကူးခြင်းလို့ ဆိုလိုက်ရင် ပျားပိတုန်းလေးများနဲ့ ငှက်ပိတုန်းလေးများကို အရင်ဆုံးမျက်စိထဲမြင်ယောင်လာတတ်ကြပါတယ်။ လန်းဆန်းစွာပွင့်ဖူးနေကြတဲ့ ပန်းမန်လေးတွေ အနားမှာတဝဲလည်လည် ရစ်ဝဲရင်း ပန်းပင်လေးများမျိုးပွားနိုင်ရန် တစ်တပ်တစ်အားအစွမ်းကုန် ကူညီပေးနေကြတဲ့ ပျားပိတုန်းလေးများနဲ့ငှက်ပိတုန်းလေးများဟာ သဘာဝရဲ့အလှဖန်တီးရှင်တွေပါ။ 

       ထို့အတူပဲ ပျားပိတုန်းငှက်ပိတုန်းလေးတွေသာမကပဲ ကျိုင်းကောင် မျိုးစိတ်လေးများဟာလည်း ဝတ်မှုန်ကူးတဲ့အလုပ်ကို လုပ်ဆောင်ပေးကြပါတယ်။ အမှန်တကယ်တော့ ဤကမ္ဘာမြေပေါ်မှာ ပျားပိတုန်းမျိုးစိတ်များမပေါ်ပေါက်ခင်ကတည်းက ကျိုင်းကောင်မျိုးစိတ်များက ဝတ်မှုန်ကူးခြင်းဖြင့် သဘာဝအတွက် တာဝန်ထမ်းဆောင်နေခဲ့ကြပါတယ်။ 

       ယနေ့အခါမှာတော့ ကျိုင်းကောင်များရဲ့ ဝတ်မှုန်ကူးနှုန်းဟာ ရှေးယခင်နှစ်များကလောက် မကျယ်ပျံ့တော့ပေမဲ့  ပျားပိတုန်း၊ ငှက်ပိတုန်းများ ရှားပါးသောနေရာများမှာတော့ ယနေ့တိုင်ဝတ်မှုန်ကူးခြင်းကို ကျေပွန်စွာ လုပ်ဆောင်နေဆဲပါပဲ။  

       အမှန်တကယ်ပင် ကျိုင်းကောင်လေးများဟာ ကမ္ဘာ့ပေါ်မှာ ပန်းပွင့်တဲ့အပင် မျိုးစိတ်ပေါင်း၂သိန်း၄သောင်းခန့်ကို ဝတ်မှုန်ကူးပေးနိုင်တယ်ဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အင်းဆက်အားလုံးရဲ့ ၄၀ရာနှုန်းက ကျိုင်းကောင်များ ဖြစ်ကြပြီး အဲ့ဒီအချက်ကပဲ ၎င်းတို့ဟာသဘာဝတရားကြီးရဲ့ တာဝန်ကျေပွန်သောဝတ်မှုန်ကူးသူများအဖြစ် ထင်ရှားစေပါတယ်။  

       ဒါပေမဲ့ သဘာဝတရားကြီးမှာလည်း အားနည်းချက်ရှိသည့်အတွက် ကျိုင်းကောင်မျိုးစိတ်များဟာ ပန်းပွင့်အားလုံးကို ဝတ်မှုန်မကူးပေးနိုင်ပါဘူး။ ပျားပိတုန်းများကဲ့သို့ ပန်းပွင့်များအနား တဝဲလည်လည်မနေနိုင်ကြသလို  ငှက်ပိတုန်းများကဲ့သို့လည်း နှုတ်သီးချွန်ချွန် တွေမပါကြပါဘူး။ ကျိုုင်းကောင်မျိုးစိတ်များဟာ ခရာသဏ္ဍာန်ရှိတဲ့ပန်းပွင့်များနဲ့ ဝတ်မှုန်များသိသာစွာမပေါ်နေသော ပန်းပွင့်များကိုလည်း ဝတ်မှုန်မကူးပေးနိုင်ပါဘူး။ ကျိုင်းကောင်များဟာ ပျားပိတုန်များ၊ ငှက်ပိတုန်းများနဲ့မတူဘဲ ဝတ်မှုန်ကူးတဲ့အခါမှာ  ပွင့်ဖတ်များကိုကိုက်ဖြတ်စားပြီး ပန်းပွင့်ပေါ်မှာဘဲ အညစ်အကြေးစွန့်တတ်ကြတဲ့ ညစ်ပတ်တဲ့ကောင်တွေ ဖြစ်ကြပါတယ်။ 

       ကျိုုင်းကောင်များဝတ်မှုန်ကူးခြင်းကို အပူပိုင်းဒေသ၊ မိုးနည်းသည့်ဒေသများမှာ အတော်အတန်တွေ့ ရတတ်ပြီး သမပိုင်းဇုံရဲ့ အလှပန်းပင်တွေမှာလည်း အနည်းငယ်တွေ့ရတတ်ပါတယ်။ ကျိုင်းကောင်များဝတ်မှုန်ကူးနိုင်တဲ့ ပန်းပွင့်အများစုဟာ ပန်းကန်လုံး ပုံသဏ္ဍာန်များ ရှိကြပြီး ၎င်းတို့နားနိုင်ရန် ပန်းပွင့်ရဲ့မျိုးပွာအင်္ဂါများဟာ ပွင့်အာနေတတ်ကြပါတယ်။ 

       ကဲအခုဆိုရင် ပျားပိတုန်းလေးများ၊ ငှက်ပိတုန်းလေးများသာမကဘဲ ကျိုင်းကောင်မျိုးစိတ်များဟာလည်း ဝတ်မှုန်ကူးပေးနိုင်ကြတာကို မကြားဖူးကြသူများ သိရှိသွားကြပြီထင်ပါတယ်။ ကျိုင်းကောင်မျိုးစိတ်လေးများဟာ တခါတလေမှာ စိုက်ပျိုးသီးနှံများကို ဖျက်ဆီးတတ်ကြပေမဲ့လည်း တခါတရံမှာလည်းသဘာဝတရားကြီးရဲ့ အလှဖန်ဆင်းရှင်ကြီးများအဖြစ်တည်ရှိနေကြတာကိုလည်း မေ့မထားသင့်ကြောင်း နှိုးဆွရင်း ဒီမှာပဲနိဂုံးချုပ်ပါရစေ။       ။

နန္ဒာအိလှိုင်

https://www.gardeningknowhow.com/garden-how-to/beneficial/beetles-and-pollination.htm

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်