နွားများတွင်ဖြစ်တတ်သော ကိုယ်တွင်းမှ ရေဓါတ်ခမ်းခြောက်ခြင်း ပြဿနာ

22/04/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျွဲ၊ နွားများတွင် ရေသောက်နိုင်သည့် ပမာဏထက် ကုန်ခမ်းသော ပမာဏက များလာလျှင် ခန္ဓာကိုယ်အတွင်း ရေခမ်းခြောက်မှုများဖြစ်ပေါ်လာပါသည်။

ရောဂါဖြစ်ရသည့် အကြောင်းအရင်းများ

၁။ အပူကြောင့်ဖြစ်သော ဝန်းကျင်ဖိစီးမှုဒဏ်ကို ခံစားရခြင်း။

၂။ ရေသောက်နည်းခြင်း။

၃။ နာတာရှည်ရောဂါ ခံစားရခြင်း။

၄။ ဝမ်းပျက်ခြင်း။

၅။ ဆီးလမ်းကြောင်းတွင် ရောဂါပိုးရှိခြင်း။

၆။ အစာလမ်းကြောင်းတွင် တစ်စုံတစ်ခု ဆို့နေခြင်းကြောင့် ရေသောက်၍ မရခြင်း။

၇။ ဒဏ်ရာကြီးများရှိနေပါက ဒဏ်ရာမှ သွေးထွက်များခြင်း။

၈။ မီးလောင်ခံရခြင်း သို့မဟုတ် ဓာတုပစ္စည်းတစ်မျိုးမျိုး အဆိပ်သင့်ခြင်း။

ရောဂါလက္ခဏာများ

၁။ ရေငတ်ပြီး အားအင်ကုန်ခမ်းလာသည်။

၂။ မျက်တွင်းများ ချိုင့်ဝင်သွားသည်။

၃။ အရေပြားများ ခြောက်လာသည်။ တွန့်ခေါက်လာသည်။ မာကျောလာသည်။

၄။ မစင်များ ခြောက်လာသည်။

၅။ မစင်များ နည်းလာသည်။

၆။ ဆီးနည်းသည်။ အရောင်ရင့်လာသည်။

ကျွဲ၊ နွားများတွင် ရေခမ်းခြောက်ခြင်းဝေဒနာကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်ပါသည်။ ကျွဲ၊ နွား၏ လည်ပင်းနေရာမှ အရေပြားကို လက်မ လက်ညှိုးဖြင့် ညှပ်၍ ဆွဲတင်ပြီး ထိုအရေပြားမှာ ဖြည်းဖြည်းသာ ပြန်ကျသွားသည်ကို တွေ့ရပါက ရေခမ်းခြောက်နေပြီဆိုတာ သိနိုင်ပါသည်။

ကာကွယ်ခြင်း

၁။ ကျွဲ၊ နွားများအတွက် သောက်ရေအလုံအလောက် စီမံထားရပါမည်။

၂။ ကျွဲ၊ နွားများ ကျက်စားနေထိုင်ရာတွင် သောက်ရေလွယ်ကူစွာ ရရှိအောင် ထားရပါမည်၊

၃။ ကျွဲ၊ နွားများကို နေရောင်အောက်တွင် အချိန်ကြာရှည်စွာ ချည်နှောင်မထားရပါ။

၄။ ကျွဲ၊ နွားများ နေထိုင်ရာနေရာသည် သန့်ရှင်းနေစေရပါမည်။

၅။ ကျွဲ၊ နွားများကို ဝမ်းပျက်စေနိုင်မည့် အကြောင်းများကို ရှောင်ရှားရပါမည်။

ကုသခြင်း

၁။ ဆန်ဆေးရည် ၁လီတာတွင် ဆား လက်ဖက်စားဇွန်း ၁ ဇွန်း ဖျော်ပြီး တစ်ရက်လျှင် ၂ ကြိမ် ၃ ကြိမ် ကို ရောဂါလက္ခဏာပျောက်သည်အထိ တိုက်ပါ။

၂။ ရေ () လီတာတွင် ဆား လက်ဖက်စားဇွန်း ()ဇွန်း၊ စားဆော်ဒါ လက်ဖက်စားဇွန်း တစ်ဝက်၊ သကြား လက်ဖက်စားဇွန်း () ဇွန်းဖြင့် ဖျော်ပြီး ထိုဖျော်ရည် () လီတာမှ () လီတာကို တစ်ရက်လျှင် () ကြိမ်မှ ၃ကြိမ် ခွဲတိုက်ပါ။ ရောဂါလက္ခဏာ ပျောက်ကင်းသည်အထိ တိုက်ရပါမည်။

၃။ အုန်းစိမ်းရည်ကို ရောဂါ ပျောက်သည်အထိ တစ်ရက် ()ကြိမ်၊ ()ကြိမ် တိုက်ပေးရပါမည်။

၄။ ပျဥ်းကတိုးခေါက် ၁ ကီလို၊ ပေါက်ပန်းဖြူခေါက် () ကီလို ကို ရေ ()လီတာဖြင့် ပြုတ်ပါ။ ပြုတ်ရည် ()လီတာကို တစ်ရက်လျှင် ()ကြိမ်၊ ()ကြိမ် ခွဲ၍ တိုက်ပါ။ ()ရက်ဆက်တိုက်, တိုက်ရပါမည်။

၅။ လက်ဖက်ရည်ကြမ်း ကျကျ ၂ လီတာတွင် သကြား လက်တစ်ဆုပ် ထည့်ဖျော်ပြီး အေးသောအခါတစ်ရက် () ကြိမ်၊ ()ကြိမ်ကို ()ရက်ဆက်တိုက်, တိုက်ရပါမည်။

၆။ ဥသျှစ်သီးအစိမ်း၊ အရွက်၊ အပွင့်၊ အမြစ်၊ အခေါက် လက်တစ်ဆုပ်စီကို စဥ်းပြီး ရေ ၂ လီတာတွင် ပြုတ်ပါ။ နာရီဝက်ခန့် ဆူအောင်ပြုတ်ပြီး အအေးခံပြီးမှ ထိုပြုတ်ရည် () လီတာကို ကျွဲ၊ နွား များအား နေ့စဥ်တိုက်ပါ။ ရောဂါပျောက်ကင်းသည်အထိ တိုက်ရပါမည်။

ဦးဇော် (dof)

 ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်