Saprolegnia
ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း
Saprolegnia spp; Achlya spp; နှင့် Aphanomyces spp; ကြောင့် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
- ငါး၏ ခန္ဓာကိုယ်ပေါ်တွင် ဝါဂွမ်းပုံ အဆုပ်လိုက် ဖြစ်လာသည်။
- အရောင်အားဖြင့် အဖြူရောင်မှိုအစုမှ တဖြည်းဖြည်းအညိုရောင် ပြောင်းလာမည်။
- အရောင်ပေါ်မူတည်၍ ဖြစ်ပေါ်နေသော မှိုအစုအဝေးအား သိရှိနိုင်ပါသည်။
ရောဂါဖြစ်ပွားတတ်သည့် ငါးအမျိုးအစားများ
- ငါးကြင်း၊ ငါးသိုင်းအုပ်စု၊ ရွှေငါးနှင့် ရေချိုငါးအမြောက်အများတွင် ဖြစ်ပွားတတ်ပါသည်။
ရောဂါဖြစ်ပွားနိုင်သည့်အချိန်ကာလ
- မိုးတွင်းကာလနှင့် ဆောင်းအကူးကာလများတွင် ဖြစ်ပွားတတ်ပါသည်။
ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း
- ငါးအစာများကို (၆)လထက်ကြာအောင် မထားရ။
- ငါးစာများကို လေဝင်လေထွက်ကောင်းသော နေရာများတွင် ထားရပါမည်။
- ရောဂါကျရောက်သော ငါးများအား Sodium Chloride 20g/1 for (30min) ခန့် စိမ်ပေးရပါမည်။
- Formalin 0.4 – 0.5 ml / 1 for 1 hour ခန့် စိမ်ပေးထားခြင်းဖြင့် ရောဂါကာကွယ်နိုင်ပါသည်။
Ref: ငါးလုပ်ငန်းဦးစီးဌာန၏ ငါးရောဂါများအကြောင်း သိကောင်းစရာစာစုမှ ကောက်နုတ်တင်ပြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်