ရှာဖွေခြင်းဆိုင်ရာ (Search Function) လမ်းညွှန်

21/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ် 

ရှာဖွေခြင်းဆိုင်ရာ (Search Function) လမ်းညွှန်

အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်တွင် မိမိသိလိုသော အကြောင်းအရာများကို  တစ်နေရာထဲမှာ စာရိုက်၍ ရှာဖွေနိုင်ပါတယ်။

ဤကဲ့သို့ ရှာဖွေခြင်း လုပ်ဆောင်ရန်အတွက် နည်းလမ်း ၂ ခုရှိပါတယ်။ လေ့လာ ကြည့်လိုက်ရအောင်လား ခင်ဗျ။ 

ပထမနည်း - အစိမ်းရောင်လမ်းဆော့ဝဲလ်၏ ပင်မစာမျက်နှာရှိ အပေါ်ဆုံးဘားတွင် မှန်ဘီလူး ပုံစံ အရာလေး ပါရှိပါတယ်။ ၎င်းနေရာကို နှိပ်​​ပြီး မိမိသိလိုသော စိုက်/ မွေးဆိုင်ရာအကြောင်းအရာများကို စာရိုက်၍ ရှာဖွေနိုင်ပါတယ်။

ဒုတိယနည်း - ထို့ပြင် ကဏ္ဍငယ် တစ်ခုချင်းစီအတွင်း ဝင်ရောက်၍လည်း ရှာဖွေနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သော ကဏ္ဍအတွင်း ဝင်ရောက်လိုက်သောအခါ  ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့်အပေါ်ဆုံးရှိ တြိဂံပုံ အတုံးလေးများကိုနှိပ်၍ သီးနှံရွေးချယ်ကာ ရှာဖွေနိုင်ပါတယ်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်