ကင်းမွန်အစာသွပ်ပြုလုပ်နည်း

14/03/2022 16:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

ကင်းမွန်(squid) တွေက ကျောရိုးမဲ့ရေနေသတ္တဝါ(marine invertebrate)များဖြစ်ကြပြီး ပြည်ကြီးငါး၊ ရေဘဝဲတို့နဲ့ မျိုးနွယ်တူကြပါတယ်။ကင်းမွန်ဟာ အဆီပါဝင်မှုနည်းပြီး အသား ဓာတ် (protein) ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ပင်လယ်စာတစ်မျိုးပါ။ 

ကင်းမွန်ကို ချက်စား၊ ကြော်စား၊ ပေါင်းစား၊ ထောင်းစား၊ ကင်စား၊ သုပ်စားကြပါတယ်။

ဒီထဲမှာမှ အရသာထူးခြားကောင်းမွန်လှပြီး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ “ကင်းမွန် အစာသွပ် “ဟင်းလျာကို အိမ်မှာပဲအလွယ်တကူလုပ်စားလို့ရအောင် လုပ်နည်းလေး ပြောပြပေးပါမယ်။

ကင်းမွန်အစာသွပ်ပြုလုပ်ဖို့ လိုအပ်တာတွေက ..

- ကင်းမွန်အကောင်ကြီးကြီး - ၄၊ ၅၊ ၆ ကောင်

- ကြက်၊ ဝက်၊ ပုစွန်(တစ်မျိုးမျိုး) အနည်းငယ်

- ကောက်ညှင်းပေါင်း- အနည်းငယ်

- မုန်လာဥနီ- အနည်းငယ်

- ဆီ၊ဆား - အနည်းငယ် 

- ခရုဆီ - အနည်းငယ် 

- ငရုတ်ကောင်း - အနည်းငယ် 

- အသားမှုန့်- အနည်းငယ် နဲ့

- ဆော့စ် (အချဉ်) တစ်မျိုးမျိုးတို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းကတော့..

(၁) ကင်းမွန် ( လတ်လတ်ဆတ်ဆတ်) တွေကို ရေဆေးသန့်စင်ထားပါ။

(၂) အတွင်းမှာ အဆာပလာအဖြစ်သွတ်မယ့် အသား(ကြက်၊ ၀က်၊ ပုစွန်)ကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကို ကြိတ်ထားပါ။

 (၃) ပြီးရင် မီးဖိုပေါ်ဒယ်အိုးတင် ဆီလေးထည့်ပြီး ကြိတ်ထားသောအသားကို ကျက်အောင် နည်းနည်းလှော်ပါ။

(၄) ပြီးရင်အသားလှော်အိုးထဲ ဥနီ၊ ဆား၊ ခရုဆီ၊ အသားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို အပေါ့အငန် အနေတော်လေး ထည့်မွှေထားပါ။

(၅) အသားကျက်ရင် အဲ့ဒီအိုးထဲကောက်ညှင်းပေါင်းပါထည့်၊ သမအောင်မွှေ၊ ရေနည်းနည်းထည့်ပြီး ရေခန်းအောင် ပြန်တည်ထားပါ။

(၆) ရေခန်းပြီဆိုရင် ကောက်ညင်း + အသားကို ရေဆေးထားတဲ့ ကင်းမွန်အကောင်ကြီးထဲထည့်ပါ။ (ပြည့်ကျပ်အောင်မထည့်ရပါ။ ကွဲထွက်တတ်လို့ပါ)

(၇)  ပြီးရင်အစာသွပ်ထားတဲ့အပေါက်ကို သွားကြားထိုးတံနဲ့ ပြန်ပိတ်ပြီး ပေါင်းအိုးဖြင့် ၈ မိနစ်ခန့် ပေါင်းပါ။

(၈) ပေါင်းပြီးရင်တော့ ဆီအိုးတည်ပြီး အစာသွပ်ထားတဲ့ ကင်းမွန်ကို ဆီပူပူနဲ့ နည်းနည်းတင်းလာအောင်ကြော်ပြီးပါက ဓား​လေးဖြင့်အဝိုင်းပြားလေးလှီးကာ ဆော့စ်ရည်လေးဆမ်းပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

ရေးသားသူ -ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်