“မြန်မာ့ကြက်မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း  အစီအစဉ်ပြုလုပ်မည်

05/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်၊ ည(၈:ဝဝ)နာရီ မှ ည (၁၀) နာရီအချိန်တွင် The Future Poultry industry in Myanmar “မြန်မာ့ကြက် မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း  အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဆွေးနွေးပွဲပြုလုပ်ရတာကတော့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းဆင်း၊ ဘွဲ့ကြို၊ဘွဲ့လွန် ကျောင်းသား‌ကျောင်းသူတွေကို Zoom meeting အသုံးပြု အွန်လိုင်း သင်ကြားမှု အပြင်၊ နိုင်ငံသားမွေးမြူရေးလုပ်ငန်းရှင်တွေ ဆက်လက်ရပ်တည်နိုင်ရေးကို ဆွေနွေးဖို့လည်း ရည်ရွယ်ပါတယ်။ ပြင်ပက မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့၊ တစ်နိုင်တပိုင် အသေးစား အလတ်စား မွေးမြူရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။

ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ(၁) ဒေါက်တာကျော်ထင် က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၁) ဒေါက်တာကျော်ထင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၃) ဒေါက်တာနေသူရိန်၊ ရန်ကုန်တိုင်းဒေသကြီး အသားတိုးကြက်မွေးမြူသူများအသင်း ဥက္ကဌ ဒေါက်တာကျော်ဝင်း၊ Kyaw Family and Farmers Group Co., Ltd မှ ဦးကျော်ဇေယျ တို့ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး၊ Livestock Info မှ Dr.သက်ခိုင် က Moderator အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိအခြေအနေအရ ကိုယ့်နိုင်ငံသား မွေးမြူရေးလုပ်ငန်းရှင်တွေ ရပ်တည်လုပ်ကိုင်နိုင်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ နိုင်ငံသားလုပ်ငန်းရှင်တွေ ဆက်လက် ရပ်တည် လုပ်ကိုင်နိုင်ဖို့ ဘာတွေ ပြောင်းလဲပေးဖို့ လိုအပ်မလဲ။ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်မလဲ။ အဲဒီအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားရမှာပါ။

ဟု ဒေါက်တာကျော်ထင် က ဆက်လက်ပြောသည်။

Zoom Meeting အသုံးပြု၍ အွန်လိုင်းဆွေနွေးခြင်း ဖြစ်ပြီး၊ Zoom Meeting မှ လက်ခံနိုင်သည့်အရေအတွက်မှာ လူဦးရေ ၁၀၀ ဖြစ်သဖြင့်၊ ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့် အမည်စာရင်းပေးသွင်းကြရန် လိုအပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲပြုလုပ်နေစဉ် အများပြည်သူ လေ့လာသိရှိနိုင်စေရန် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် Facebook စာမျက်နှာမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

နန်းထက်ထက်ချစ် (ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်