ပက်ကျိနှင့် ပျိုးပင်များကိုစားသော အကောင်များသည် ဖရဲပျိုးပင်များနှင့် ဘောင်ပေါ်တွင် ဖုံး အုပ်ထားသော အရာများ (ဥပမာ - ကောက်ရိုး၊ သစ်ရွက်ခြောက်) ကို ကြိုက်ကြပါသည်။ ထို့ ကြောင့် ဖရဲပင်ပေါက်များ အားအနည်းဆုံးအချိန် (အပင်ပေါက်ကာစ) ရောက်လျှင် ဘောင်ပေါ် ကို ဖုံးအုပ်ပေးပါ။ (အပင်ပေါက်ကာစအချိန်တွင် ပက်ကျိများသည် မိနစ်ပိုင်းအတွင်း ဖရဲပင် ပေါက်များကို စားသောက်ဖျက်ဆီးပစ်နိုင်ပါသည်။) ဖရဲမြစ်များသည် မြေဆီလွှာ အပေါ်ယံကြော တွင်သာ ဖြန့်ကျက်တည်ရှိနေပြီး အစိုဓာတ်များစွာ လိုအပ်ပါသည်။ မြေကြီးကို အခြောက်မခံပါ နှင့်။ မြေကြီးကို တစ်ခုခု (ဥပမာ - ကောက်ရိုး) ဖြင့် ဖုံးပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းထား နိုင် ပါသည်။
ထိုသို့ဖုံးပေးခြင်းသည် ပေါင်းများကိုလည်း နှိမ်နင်းပြီးသားဖြစ်စေပါသည်။ ပေါင်းပင်များသည် ဖရဲအမြစ်များကို နှောက်ယှက်သဖြင့် ပေါင်းများအား လုံးဝမပေါက်ပါစေနှင့်။ ဖရဲပင်များသည် အစာအဟာရ အလွန်လိုအပ်သော အပင်များဖြစ်ပါသည်။ မြေဖုံးပစ္စည်းသည် မြေဆွေး (သို့) တိရစ္ဆာန်ချေးများဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။ (အခြားဘူး၊ ဖရုံမျိုးနွယ်များ ကဲ့သို့ပင် ဖရဲ ပင်များသည် မြေဆွေးနှင့် တိရစ္ဆာန်ချေးများကို ကောင်းစွာ စုပ်ယူနိုင်ပါသည်။) ထို့အပြင် ဖရဲပင် များကို လုံးထားသော သစ်စိမ်းမြေသြဇာ (သို့မဟုတ်) အော်ဂင်းနစ် မြေသြဇာများကို ပုံမှန်ကျွေး ပေးသင့်ပါသည်။ (အပင်ငယ်စဉ်တွင် ပုလဲမြေသြဇာ များများကျွေးနိုင်ပြီး အသီးအပွင့်ဝင်ချိန် တွင် ပုလဲမြေသြဇာလျှော့ကာ ပိုတက်မြေသြဇာကို များများကျွေးသင့်ပါသည်။)
ဖရဲပင်များ ခြောက်ပေခန့်ရှိလာပါက အညွန့်များကို ညှပ်ပေးခြင်းဖြင့် ကိုင်းဖြာခြင်းကို အားပေး စေပါသည်။
ဖရဲပင်သည် ကြီးထွားလာသည်နှင့်အမျှ အကိုင်းနှင့်အညွန့်များက နေရာယူလာကြသည်။ အပင် ပတ်ဝန်းကျင်ရှိ အခြားအရာများ (အပင်များ) ကို ဖုံးအုပ်လာနိုင်ပါက အညွန့်များကို (ငုတ်တိုင် စိုက်၍) ကြိုးဖြင့်ချည်ပေးခြင်းဖြင့် ဦးတည်ချက်ကို ပြောင်းပေးနိုင်ပါသည်။
ပလက်စတစ် အိတ်အမဲဖြင့် ဖုံးအုပ်ပေးခြင်းသည် မြေကိုပိုမိုနွေးစေခြင်း၊ ပေါင်းပင်ကြီး ထွားမှုကို နှောင့်နှေးစေခြင်း၊ အသီးများမြေနှင့် မထိသဖြင့် သန့်ရှင်းစေခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေပါသည်။
အပင်ပိုင်းကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တို့တွင် တစ်ပတ်လျှင် ရေတစ်လက်မ မှ နှစ်လက်မခန့် လိုအပ်ပါသည်။ ရေလောင်းလျှင် နံနက်ခင်း၌ အပင်ခြေကို လောင်းပေးရမည်။ အရွက်များကို ရေမထိစေရန်နှင့် ရေအလွန်အကျွံ မလောင်းမိစေရန် ဂရုပြုရပါမည်။ သီးကင်းစ တင် ဝင်ရောက်ချိန်တွင် ရေကိုလျှော့လောင်းရပါမည်။ ခြောက်သွေ့သောရာသီသည် ဖရဲသီးကို ပို မိုချိုစေပါသည်။
ဖရဲသည်ကိုင်းဖြတ်ပြုပြင်ရန် မလိုပါ။ သို့သော် ဘေးကိုင်းများကို ဖယ်ရှားခြင်းဖြင့် ပင်မပင် စည်ကို အားကောင်းစေပါသည်။ အပင်ငယ်စဉ်တွင် ဘေးတက်ထွက်နိုင်သည့် အဖူးများကို ခြွေ ပစ်ရမည်။ ထို့အပြင် အပွင့်အချို့ကို ခြွေပေးခြင်းဖြင့် (ဖြစ်နိုင်ချေရှိသော အသီးများကို ခြွေခြင်း သည် စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း) ကျန်ရှိသောအပွင့်မှ အသီးများကို ပိုမိုအားပေးနိုင်မည် ဖြစ်သည်။
ဖရဲတွင် အဖိုပွင့်နှင့် အမပွင့်သည် တစ်ပင်တည်း၌ သီးခြားစီ ဖြစ်ပေါ်သည်။ ပုံမှန်အားဖြင့် အဖိုပွင့်များသည် အမပွင့်များမဖြစ်ပေါ်မီ ရက်သတ္တပတ်များစွာ စော၍ဖြစ်ပေါ်ကြသည်။ အဖိုပွင့် များ ကြွေကျသော်လည်း ပြဿနာမရှိပါ။ အမပွင့်များ၏ အခြေ၌ ပွသောအဖုများ ရှိကြသည်။ အမပွင့်များသည် အပင်ပေါ်တွင် ကျန်ရှိပြီး အသီးများသီးကြသည်။
ပန်းပွင့်များ အသီးတင်ရန်အတွက် ဝတ်မှုန်ကူးခြင်းသည် လိုအပ်သဖြင့် ပျားများကို အထူး ဂရုစိုက်ဖို့ လိုပါသည်။
အသီးရင့်မှည့်လာပါက အသီးကို အသာအယာမ၍ အသီးနှင့် မြေကြီးကြားထဲတွင် ကတ္ထူ ပြား (သို့မဟုတ်) ကောက်ရိုးများ ထားခြင်းဖြင့် အသီးပုပ်ခြင်းကို ကာကွယ်နိုင်ပါသည်။
ပိုးမွှားနှင့် ရောဂါများ
ဖရဲတွင် အဓိကကျရောက်သော ဖျက်ပိုးများမှာ အရွက်စား ကျိုင်း ကောင်များ ၊ အစက်အပြောက်နှင့် အစင်းပါ သခွါးကျိုင်း ကောင်များ၊ အစက်ပြောက်ပါသော (သို့မဟုတ်) မပါသော ဘူး၊ ဖရုံကျိုင်းဝါများ တို့ဖြစ်ပါသည်။ အဆိုပါဖျက်ပိုးများသည် ဖျက်ဆီးမှု လက္ခဏာတူညီပြီး ဖရဲပင်ကို ကိုက်ဖြတ်ဝါးစားကြပါသည်။ ၎င်းပိုးများ ကျရောက်နေပါက အပင်ကြီးထွားမှုကို နှောင့်နှေးစေပါသည်။ မျှတသောပတ်ဝန်းကျင်နှင့် မြေကောင်းတွင် ဖြစ်ထွန်း အောင်မြင်နေသော ဖရဲပင်သည် ပိုးမွှားများကို မဖိတ်ခေါ်သင့်သလို ထိုပိုးမွှားများရန်မှ ကင်းဝေး အောင်လည်း အလျင်အမြန် ကြီးထွားသင့်သည်။
အခြားပြဿနာတစ်ခုမှာ ဖားဥမှိုရောဂါဖြစ်ပြီး အရွက်များပေါ်တွင် ပေါင်ဒါမှုန့်များ ဖြူးထား သကဲ့သို့ ဖြစ်နေသည်။ ရောဂါဖြစ်သောမှိုသည် စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုကို ကြိုက်နှစ် သက်သည်။
အကောင်းဆုံးကာကွယ်နည်းမှာ အရွက်များကို မစွတ်စိုစေရန် ဂရုစိုက်ရမည်။ အပင်ပေါ်မှ ရေ လောင်းခြင်းကို မဖြစ်မနေလုပ်ရမည်ဆိုပါက နံနက်ပိုင်းတွင် လောင်းခြင်းအားဖြင့် အရွက်ပေါ်မှ ရေများ အလျင်အမြန် ခြောက်သွားနိုင်ပါသည်။ နေ့ခင်းပိုင်းနှင့် ညနေပိုင်းတွင် အရွက်များကို လုံးဝမစွတ်စိုပါစေနှင့်။
အပူပိုင်းဒေသများတွင် စွတ်စိုသောရာသီ ရောက်လာပြီဆိုပါက ကျိုင်းကောင်များနှင့် မှိုရောဂါကို ကောင်းစွာမနှိမ်နင်း နိုင်တော့ချေ။ မည်သည့်နည်းလမ်းနှင့်မျှ မရတော့ပေ။ အပူချိန်နှင့် လေထုစို ထိုင်းဆများခြင်းသည် ဖရဲစိုက်ပျိုးခြင်းအတွက် ကောင်းသောအခြေအနေ မဟုတ်ပါ။ ထိုအချိန် တွင် အခြားသင့်တော်သော သီးနှံတစ်မျိုးကို စိုက်ပျိုးသင့်ပြီး ဖရဲကို နောက်လာမည့် ခြောက်သွေ့ ရာသီတွင် စောင့်ဆိုင်းစိုက်ပျိုးသင့်ပါသည်။
ဖရဲသီး ရိတ်သိမ်းခြင်းနှင့် သိုလှောင်ခြင်း
ဖရဲသည် ခူးပြီးတိုင်းလည်း မချိုပေ။ ထို့ကြောင့် ရိတ်သိမ်းချိန်သည် အလွန်အရေးကြီးပါသည်။ ပုံမှန်အားဖြင့် ရင့်မှည့်ချိန်သည် နှစ်ပတ်ခန့်ကြာမြင့်ရာ ဂရုတစိုက်စောင့်ကြည့်ရန် လိုပါသည်။
အောက်ပါတို့ကို ကြည့်ချင်းအားဖြင့် ဖရဲသီး မှည့်မမှည့် သိရှိနိုင်ပါသည-
1. ဖရဲသီးကို ပုတ်ကြည့်ပါ။ လှိုဏ်သံထွက်နေပါက မှည့်ပြီဖြစ်သည်။
2. အသီးထိပ်ပိုင်းအရောင်ကိုကြည့်ပါ။ အစင်းများကြား အရောင်အနည်းငယ် ကွဲပြားနေပါ က မှည့်ပြီဖြစ်သည်။
3. အသီးအောက်ခြေက အရောင်ကို ကြည့်ပါ။ ဖရဲသီးအစိမ်း၏အရောင်သည် အဖြူရောင် ဖြစ်ပြီး အမှည့်၏အရောင်သည် နို့နှစ်ရောင် (သို့မဟုတ်) အဝါရောင်ဖြစ်သည်။
4. အသီးကို အနည်းငယ်ဖိကြည့်ပါ။ အသံထွက်လာပါက မှည့်သည်။ သို့သော် အသီး၏ အရည် အသွေးကို ထိခိုက်နိုင်သဖြင့် မသုံးသင့်ပေ။
5. သီးကိုင်းကိုစစ်ပါ။ သီးကိုင်းစိမ်းနေပါက ခဏစောင့်ပါ။ သီးကိုင်းသည် တစ်ဝက်ခန့် ခြောက်နေပါက (သို့မဟုတ်) သေသွားပါက သီးလုံးသည် မှည့်ခါနီး (သို့မဟုတ်) မှည့်နေပြီဖြစ် သည်။ သီးကိုင်းသည် လုံးဝခြောက်သွားပါက (သို့မဟုတ်) သေသွားပါ သီးလုံးသည် အမှည့် (သို့) အမှည့်လွန် (အမှည့်လွန်နေသော အသီးကို မယူကြချေ) နေပြီဖြစ်သည်။ ဤနည်းအတိုင်း ကြည့်၍ အလွယ်တကူခူးဆွတ်နိုင်ပါသည်။
6. အသီးနှင့် ကပ်လျက်ပင်စည်ကို ဓားထက်ထက်ဖြင့် ဖြတ်ပါ။
7. ဖရဲသီးများကို မခွဲဘဲထားပါက ဆယ်ရက်ခန့်ထိ အထားခံပြီး ခွဲပြီးပါက ရေခဲသေတ္တာ ထဲ တွင် လေးရက်ခန့် အထားခံပါသည်။ ပလက်စတစ်ဖြင့် စနစ်တကျ ထုပ်ပိုးထားရန် လိုအပ်ပါ သည်။
ဖရဲသီး၏ အဟာရတန်ဖိုးနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
ဖရဲသီးသည် အရည်ရွှမ်းသောအသီးဖြစ်ပြီး ရေ (၉၂ %) ပါဝင်သော်လည်း အခြားအဟာရများ လည်း အသီးထဲတွင် စုပ်ယူပျော်ဝင်နေပါသည်။ ဖရဲသီးတစ်ကိုက် (တစ်ခါကိုက်) တွင် ဗီတာမင် အေ၊ ဗီတာမင် ဘီစစ်၊ ဗီတာမင် စီ၊ လိုင်ကိုပင်း၊ အင်တီအောက်ဆီဒင့်နှင့် အမိုင်နို အက်ဆစ် များစွာ ပါဝင်ပါသည်။ ပိုတက်စီယမ် အသင့်အတင့်လည်း ပါဝင်ပါသည်။ ထို့အပြင် အဆိုပါ ရာသီစာ (နွေရာသီ အစား အစာ) တွင် အဆီဓာတ်မပါဝင်ခြင်း၊ ဆိုဒီယမ်ပမာဏ နည်းပါးခြင်း နှင့် ဖရဲသီးဖျော်ရည် တစ်ခွက်လျှင် (၄၀) ကယ်လိုရီ သာပါဝင်ပါသည်။
နိုင်ငံလုံးဆိုင်ရာ ဖရဲစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့၏ အဆိုအရ သိပ္ပံပညာရှင်များသည် ဖရဲတွင် လိုင်ကိုပင်းပါဝင်မှု များပြားကြောင်း သတိထားမိလာကြသည်။ ဖရဲသီးဖျော်ရည် နှစ် ခွက်လျှင် လိုင်ကိုပင်း (၁၅-၂၀) မီလီဂရမ်ခန့် ပါဝင်ပါသည်။ လိုင်ကိုပင်းသည် သစ်သီးနှင့် ဟင်း သီးဟင်းရွက်များတွင် သဘာဝအတိုင်းရှိနေသော ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ် အတွင်းတွင် ကျန်းမာရေးဆိုင်ရာ ဓာတ်ပြုမှုများကို ထိန်းချုပ်ပေးသည်။ ထို့အပြင် လိုင်ကိုပင်း သည် အနီရောင် ရောင်ခြယ်ပစ္စည်းဖြစ်ပြီး ဖရဲ၊ ခရမ်းချဉ်၊ အနီရောင် ဂရိတ်ဖရုသီးနှင့် မာလကာ သီးများတွင် အနီရောင်ကိုဖြစ်စေသည်။
လိုင်ကိုပင်းသည် နှလုံးကျန်းမာရေး၊ အရိုးများကြံ့ခိုင်သန်မာရေးများနှင့် ချိတ်ဆက်နေပြီး သုတ် ရည်ဂလင်းကင်ဆာကိုလည်း ကာကွယ်ပေးပါသည်။ လိုင်ကိုပင်းသည် လှုံ့ဆော်သည့် ဂုဏ်သတ္တိ မရှိသော်လည်းလဲ စွမ်းအားကောင်းသော အင်တီအောက်ဆီဒင့် တစ်မျိုးဖြစ်ကြောင်း အော့စ်တင် ရှိ တက်ဆက်တက္ကသိုလ် ကျန်းမာရေးအဖွဲ့ကြီး၏ အဟာရပညာရှင်ဖြစ်သူ ဗစ်တိုးရီးယား ယာ ဇာဘ်ကော့စကီး မှ ပြောကြားထားသည်။