ပိုးပျိုးစစ်ဆေးခြင်း-ရောဂါကျရောက်မှု အတည်ပြုချက်ကို အထောက်အကူပြုသည်။
- နို့အုံရောင်ရောဂါ ဖြစ်ပွားသည့် နွားမ၏နို့ကိုစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်စေသည့် ပိုမွှားအမျိုးအစားကို သိနိုင် သည်။
- ရောဂါဖြစ်ပွားသောနွားမကို မဋိဇီဝဆေးဝါးဖြင့် ကုသမှုမပြုမီ ပိုးပျိုးရန် နို့နမူနာယူခြင်းကိုဆောင်ရွက်ရမည်။
- နမူနာကောက်ယူရာတွင် သန့်ရှင်းမှုကောင်းမွန်မှသာ နို့ကိုပြင်ပရောဂါပိုးများ ဝင်ရောက်ကူးစက်ခြင်းမှ ကာကွယ် နိုင်ပြီး ရောဂါဆုံဖြတ်ချက်မှန်ကန်နိုင်မည်ဖြစ်သည်။
- နမူနာကောက်ယူခြင်းအား အောက်ပါအတိုင်းအဆင့်ဆင့်မှန်ကန်စွာဆောင်ရွက်ရမည်။
နို့နမူနာကို ရောဂါပိုးပျိုးယူစစ်ဆေးရန်အတွက် အောက်ပါအခြေအနေတို့တွင် ရယူစုဆောင်းနိုင်သည်။
-
လက္ခဏာပြ နို့အုံရောင် ရောဂါဆက်တိုက်ဖြစ်ပွားခြင်း၊ အသစ်ဖြစ်ပွားခြင်း
-
ခြံတစ်ခြံလုံးတွင် လက္ခဏာပြ နို့အုံရောင်ရောဂါ ဖြစ်ပွားခြင်း
-
အမြန်ရောဂါစစ်ဆေးနည်းဖြင့် စစ်ဆေးရာတွင် ဆဲလ်အရေအတွက် မြင့်မားလွန်းသောနွားမ၏နို့ကို စစ်ဆေးခြင်
ကိုးကား - မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း