သိုး၊ ဆိတ်များတွင် ဆီးကျောက်တည်ခြင်းကို ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ အထီးတွေမှာ တွေ့ရများပါသည်။ အထူးသဖြင့် ငယ်စဉ်တည်းက သင်းကွပ်သော အထီးတွေမှာ အတွေ့ရများပါသည်။ လိုက်သိုးများတွင်လည်း ဖြစ်ပါတယ်။ အမတွေဖြစ်တတ်ပေမယ့် ရှားပါတယ်။
သိုး၊ ဆိတ်တွေ ဆီးကျောက်တည်တာကို မကုသမိရင် သေနိုင်ပါတယ်။ အဓိကက အစာကြောင့် ဆီးကျောက်တည်ပါတယ်။ ဆီးကျောက်အများစုကို ဖြစ်စေတာက ဆီးထဲမှာ မီးစုန်းဓါတ် (Phosphorus) များပြီး တဖြည်းဖြည်း အနည်ထိုင်ကာ အစိုင်အခဲ ဖြစ်လာခြင်းဖြစ်ပါတယ်။
သိုး၊ ဆိတ်တွေကို ကျွေးတဲ့ အစာမှာ ထုံးဓါတ် နှင့် မီးစုန်းဓါတ် (Calcium : Phosphorus) အချိုးသည် အနည်းဆုံး 2:1 ဖြစ်ရပါမယ်။ သို့သော် အစေ့ အဆံ များတွင် မီးစုန်းဓါတ်ပါဝင်မှုမှာ ထုံးဓါတ်ထက် များပါသည် (ဥပမာ ပြောင်းဆံ)။ ဒါကြောင့် အစာနု များများကျွေးတဲ့အခါ ဆီးကျောက်တည်နိုင်ပါသည်။ အထူးသဖြင့် Ca:P အချိုး မညီမျှသော အစာနုများဖြစ်ပါသည်။
ဒါ့အပြင် သိုး၊ ဆိတ်များ ရေသောက်နည်း၊ ဆီးသွားနည်းရင် ဒီပြသနာဖြစ်နိုင်တယ်လို့ မှတ်ယူရပါမည်။အတွေ့ရများတဲ့ ဆီးကျောက်များမှာ Calcium phosphate, magnesium ammonium phosphate, silicate, oxalate နှင့် calcium carbonate တို့ ဖြစ်ပါတယ်။
ရောဂါက္ခဏာများ
ဆီးကျောက်တည်တဲ့ ဆိတ်မှာ ညှစ်ပြီး ဆီးသွားတာကို တွေ့ရပါမယ်။ ဆီးသွားတိုင်း အော်ငြီး တတ်ပါတယ်။ ပြင်းထန်မှုကိုလိုက်လို့ ဆီးကလည်း နည်းနည်းလေး ကျတာကနေ တစ်စက် တစ်စက်သာ ကျတဲ့ အထိ တွေ့ရပါမယ်။ ပြင်းထန်တဲ့ အခြေအနေမှာ သွေးရောင်ရှိတဲ့ ဆီးတွေသွားပါတယ်။ ဆီးကျောက်တည်တဲ့ ဆိတ်အများစုက မတ်တပ် ငြိမ်ငြိမ် နေတတ်ပါတယ်။
ကုသမှု
ကုသမှု အနေနဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်များ ခွဲစိတ်ကုသတာက ချက်ချင်းသက်သာပါတယ်။
ဒေသကိုလိုက်လို့ မိရိုးဖလာ နည်းများဖြင့်လည်းကုသနိုင်ပါတယ်။ သံပရာရည်ကို ၂၀ စီစီကနေ ၅၀ စီစီထိ ကိုယ်အလေးချိန် အနည်းအများကိုလိုက်ပြီးတော့ တိုက်တာကလည်း ထိရောက်ပါတယ်။ ဆီးပုံမှန်သွားတဲ့အထိ ပြန်တိုက်ပေးဖို့လိုပါတယ်။ (ဒါက မလေးရှားမှာ ဆိတ်မွေးသူတွေသုံးတဲ့ နည်းဖြစ်ပါတယ်)
ဆီးကျောက်မတည်အောင် ကာကွယ်တာက ကုသရတာထက် အများကြီး ထိရောက်ပါတယ်။
ကာကွယ်မှု
အစာ။ ။ အစာနုစပ်တဲ့ အခါ ထုံးဓါတ်နဲ့ မီးစုန်းဓါတ် အချိုးညီ ပါဝင်အောင်စပ်ပါ။ DCP တို့၊ ထုံး တို့ ဖြည့်စွက် စပ်နိုင်ပါတယ်။ အစာတွင် Ammonium Chloride 1% (အမိုနီယမ်ကလိုရိုဒ် ၁ ရာခိုင်နှုန်း) ထည့်စပ်ခြင်းက ဆီးကျောက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ တစ်ချို့က ဆိတ်သိုးများကို တစ်လတစ်ကြိမ် သံပရာရည်တိုက်ပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ကြပါတယ်။
သိုး၊ ဆိတ်များအတွက် ရေ ကို စိတ်ကြိုက်သောက်နိုင်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဆီးကျောက်ကြောင့် သိုး၊ ဆိတ်သေဆုံးမှုကို ကာကွယ်နိုင်ကြပါစေဗျ။
Reference; Wikipedia.
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ