COVID-19 ကြောင့် တိုက်ပွဲရင်ဆိုင်ရမယ့်အချိန်အခါတွေ ဖြစ်လာပါပြီ။ အခုလိုကာလမှာ မဖြစ်မနေတွက်ချက်ထားသင့်နေပါပြီ။
သင်စုဆောင်းထားတဲ့ အရေးပေါ်ငွေရှိသလား။ မစုထားပါကချက်ချင်း ဝင်ငွေလစာအလုပ်ရှိနေသေးရင် ချက်ချင်း အသုံးစရိတ်ချလိုက်ပါ။ လျှင်လျှင်မြန်မြန်စုဆောင်းပါ။
စုဆောင်းထားခဲ့ရင်ဘယ်လောက်ရှိလဲ။ ငွေသားလား။ ချက်ချင်းငွေသားမရနိုင်တဲ့ ရင်းနှီးမြုပ်နံမှုလား။ ဘာတွေရောင်းနိုင်လဲ။ ရောင်းဖို့လိုလား။ ငွေသားထုတ်ဖေါ်ဖို့ဘယ်လောက်ကြာနိုင်မလဲ။
လစဉ်အသုံးစရိတ်ဘယ်လောက်ရှိလဲ။ ထောက်ပံ့ရတဲ့သူရှိလား။ တစ်ဦးထဲလား။ မိသားစုတစ်စုလုံးအတွက်တခြားဝင်ငွေရှိလား။
အလုပ်မရှိတော့ဘူးဆိုရင်အဲဒီစုငွေ က ၃ လ ၆ လ ၉ လ စသည်ဖြင့်ဘယ်နှစ်လခံမှာလဲ။ နေရာပြောင်းနေရမလား။ အိမ်ပြန်သင့်လား။ ဘာဆက်လုပ်မလဲ။
အလုပ်ဘယ်လိုပြန်ရှာမလဲ။ တခြားယာယီဘာလုပ်နိုင်လဲ။ taxi မောင်းမလား။ အွန်လိုင်း food delivery လုပ်မလား။
ငွေချေးဖို့လိုလား။ ဘယ်လောက်လိုလဲ။ ဝင်ငွေမရှိရင်အလုပ်ပြန်ရှာလို့မရခဲ့ရင်နောက်လဘယ်လိုပြန်ဆပ်မလဲ။
အားလုံးပြန်တွက်ချက်ညှိနှိုင်းပါ။ ဘာပဲဖြစ်လာလာရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါ။ ထိခိုက်မှုအနည်းဆုံးနဲ့ တိုက်ပွဲကျော်လွှားနိုင်ပါစေခင်ဗျား။
Mother Finance
ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ