မီဒီယာဆိုတာ ဘာလဲ ? 

14/09/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းဘေလွှဲနည်းနဲ့ ဖုန်းဘေ ချေးနည်း  အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ဒီတစ်ခါမှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ နေ့စဥ် အသုံးပြု ကြည့်ရှုနေတဲ့ မီဒီယာရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

     မီဒီယာဆိုတာကတော့ သတင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကြော်ငြာနဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းဖြန့်ဝေပြီး လူအများကြားမှာ အရေးကြီးတဲ့  ဆက်သွယ်ရေး လမ်းကြောင်းကို ပေးတဲ့ ကြားခံနယ် တစ်ခုဖြစ်ပါတယ်။ ယေဘူယျအားဖြင့် မီဒီယာ အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ 

ကြော်ငြာမီဒီယာ

ရုပ်သံမီဒီယာ

ဒီဂျစ်တယ်မီဒီယာ

အီလက်ထရောနစ်မီဒီယာ

အသံလွှင့်မီဒီယာ

ပုံနှိပ်မီဒီယာ

သတင်းမီဒီယာ

ဟိုက်ပါမီဒီယာ

မာ(လ်)တီမီဒီယာ

လူမှုဆက်ဆံရေးမီဒီယာ စသည်ဖြင့် မီဒီယာ အမျိုးအစားများ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ အထက်ဖော်ပြပါ  နည်းပညာများအပေါ်မူတည်ပြီး သတင်းအချက်အလက်များကို ဖြန့်ဝေပေးဖို့အတွက်  ပုံစံအမျိုးမျိုးနဲ့  ဆက်သွယ်ပေးနိုင်တာ ဖြစ်ပါတယ် ခင်ဗျ။ 

 ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းဘေလွှဲနည်းနဲ့ ဖုန်းဘေ ချေးနည်း  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းဘေလွှဲနည်းနှင့် ဖုန်းဘေချေးနည်း

Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

Source - https://curriculum.realornotmm.info/mil-curriculum-book/3/

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်