နှင်းဆီပင်တွေ ပန်းပွင့်ဖို့ ဘာတွေလုပ်ကြမလဲ

09/06/2020 12:30 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှင်းဆီပင်တွေမှာ ပန်းပွင့်တွေဝေနေမယ်ဆိုရင် တော်တော်လေးကြည့်ကောင်းပါတယ်။ အိမ်မှာရှိတဲ့ နှင်းဆီပင်တွေမှာ ပန်းပွင့်တွေ ဝေဝေဆာဆာပွင့်နေတာကို လိုချင်တယ်ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုလိုက်ပါ။

၁။ ငှက်ပျောခွံ

ငှက်ပျောခွံမှာ ဖော့စဖောရပ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် နှင်းဆီပန်းတွေပွင့်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောခွံကို အသုံးပြုမယ်ဆိုရင် လှီးဖြတ်ပြီး မြေကြီးထဲမြုပ်၍ သော်လည်းကောင်း ငှက်ပျောခွံကိုကြိတ်စက်ဖြင့် ကြိတ်ချေပြီး ရေနှင့်ရောကာ ၁၅ မိနစ်ခန့်ထား၍ အပင်၏အောက်ခြေကို တိုက်ရိုက်ဖျန်းကာ အသုံးပြုနိုင်ပါတယ်။ တစ်ပတ်လျှင်တစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံရဲ့ကောင်းကျိုးတွေကိုလည်း လင့်မှာလေ့လာနိုင်ပါတယ်။

စိုက်ပျိုးရေးအတွက် ငှက်ပျောသီး အသုံးဝင်ပုံ

မလွှင့်ပစ်သင့်တဲ့ ငှက်ပျောခွံ

၂။ ကြက်ဥခွံ

ကြက်ဥခွံတွင် ကယ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တယ်။ ကြက်ဥခွံကိုကြိတ်ချေပြီး အပင်ခြေတွင် ထည့်ပေးခြင်းဖြင့် အပင်အတွက်လိုအပ်သော ကယ်ဆီယမ်ဓါတ်ကို ရရှိနိုင်ပါတယ်။

၃။ ကော်ဖီမှုန့်

ကော်ဖီမှုန့်တွင် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ံဓာတ်ပါရှိပါတယ်။ ကော်ဖီမှုန့်ကို ထည့်ပေးခြင်းဖြင့်အပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေပါတယ်။ သို့သော် ပမာဏအနည်းငယ်သာ အသုံးပြုသင့်ပါတယ်။

၄။ မြေသြဇာကျွေးခြင်း

နှင်းဆီပင်ကြီးထွားဖွံ့ဖြိုးပြီး အပွင့်တွေဝေစေရန် မြေသြဇာကျွေးခြင်းကို လုပ်ဆောင်သင့်ပါတယ်။ တစ်နှစ်လျှင် ၃ကြိမ်ခန့်အသုံးပြုသင့်ပါတယ်။ ဓာတုမြေသြဇာ သာမက သဘာဝမြေသြဇာကိုလည်း အသုံးပြုသင့်ပါတယ်။

၅။ အပင်ပြုစုခြင်း

စိုက်ပျိုးမည့် နေရာရွေးချယ်ရာတွင် အလင်ရောင်ကောင်းစွာရသောနေရာ (တစ်နေ့လျှင် နေရောင်ခြည် ၆နာရီရသောနေရာတွင် စိုက်ပျိုးသင့်ပါတယ်။ ထို့အပြင် ရေဆင်းကောင်းသော မြေတွင် စိုက်ပျိုးသင့်ပါတယ်။ အပင်၏အောက်ခြေတွင် သစ်ရွက်ဆွေးများဖြင့် ဖုံးအုပ်ပေးသင့်ပါတယ်။ ရေလောင်းရာတွင် ရာသီဥတုအခြေအနေမူတည်၍ ရေကိုလုံလောက်စွာ ပေးသင့်ပါတယ်။ ရေများခြင်းနည်းခြင်းက နှင်းဆီပန်းပွင့်မှုမှာ သက်ရောက်မှုရှိလို့ ရေကိုသင့်တော်တဲ့ပမာဏပေးသင့်ပါတယ်။ ဖျက်ပိုးများ ကျရောက်မှုမှကာကွယ်ရန် အမြဲစောင့်ကြည့်စစ်ဆေးမှုပြုသင့်ပါတယ်။ ကိုင်းဖြတ်ခြင်းကိုလည်း စနစ်တကျလုပ်ဆောင်သင့်ပါတယ်။ ရောဂါကျရောက်နေသောကိုင်းများနှင့် ကိုင်းခြောက်များကို မဖြစ်မနေဖယ်ရှားသင့်ပါတယ်။ အပင်တွေက ဂီတသံတွေကိုခံစားတတ်ပြီး သီချင်းတွေဖွင့်ထားပေးမယ်ဆိုရင် ကောင်းစွာရှင်သန်နိုင်တယ်လို့ အပင်ချစ်သူတွေက ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သီချင်းတွေဖွင့်ထားခြင်းက နှင်းဆီပန်းတွေပွင့်စေနိုင်တယ်လို့ အပင်ချစ်သူတွေက ယုံကြည်ကြပါတယ်။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

https://www.perryhomes.com/blog/tips-to-make-your-roses-bloom-more/

 

 

 

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်