လူငယ် ပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်း Young Environmental Leadership Training Young Environmental Leadership

25/06/2014 00:19 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကလျာဏ မိတ္တဖောင်ဒေးရှင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်လျက် ရှိနေသော မြန်မာနိုင်ငံ အနှံ့အပြားမှ လူငယ်များအတွက် ပတ်ဝန်းကျင် ထိန်ုးသိမ်းရေး ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင် ခြင်း (Young Environmental Leadership Training) ကို ပြုလုပ်ရန် ရှိပါသည်။ အဓိကအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေသော ၊ ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်လိုသော ၊ အခြေခံ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ဗဟုသုတ ရှိသော ၊ မိမိတို့ ဒေသတွင် ဦးဆောင် လုပ်ကိုင်နေသော အနယ်နယ် အရပ်ရပ်မှ လူငယ်များအား အထူးရည်ရွယ်၍ ဤသင်တန်းကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။

သင်တန်းပြုလုပ်မည့် ကာလ ။        ။  ၇.၇.၂၀၁၄ မှ ၂၆.၇.၂၀၁၄ အထိ (၂၀ ရက်)

သင်တန်းပြုလုပ်မည့်နေရာ   ။        ။  ရန်ကုန် ၊ ပြင်ဦးလွင်။

သင်တန်းသားသတ်မှတ်ချက်များ

 

v  အခြေခံပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ကို သိရှိ နားလည် ပြီး ဖြစ်သူ။

v  လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၊ ရေရှည် လုပ်ဆောင်ရန် ရည်ရွယ်ထားသူ။

v  အချိန်ပေးနိုင်သူ။

v  ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ

o   အသိပညာပေးခြင်း

o   မီဒီယာကို အသုံးပြု၍ အသိပညာပေး လှုံ့ဆော်ခြင်း၊

o   ပတ်ဝန်းကျင် ဆိုင်ရာ တရားမျှတမှု အတွက် လူထုအင်အားပါဝင်လာစေသည့် လှုပ်ရှားမှု ပြုလုပ်ခြင်း) စသည်တို့မှ နယ်ပယ် တစ်ခုခု ကို စိတ်ပါဝင်စားသူ။

သင်တန်းတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ  

§  နက်ရှိုင်းဂေဟဗေဒ (Deep Ecology)

§  သဘာဝအရင်းအမြစ်စီမံခန့်ခွဲခြင်းအတွက် ဂေဟစည်းမျဉ်းများ (Ecological principles for Natural Resource Management)

§  ဇီဝမျိုးစိတ်မျိုးကွဲ ကြွယ်ဝခြင်း (Biodiversity)

§  ရာသီဥတု ပြောင်းလဲမှု နှင့် သင့်လျော်သော နေထိုင်ခြင်း (Climate Change Adaptation)

§  REDD+

§  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း (Waste Management)

§  ပတ်ဝန်းကျင်ထိန်းသိမ်းရေး Vs စီးပွားရေး ဖွံ့ဖြိုးမှု - အစိမ်းရောင်စီးပွားရေး (Environmental Conservation Vs Economic Development-Green Economy)

§  ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများ  (Assessment Tools)

§  မြေယာအသုံးပြုမှု ၊ ရေချိုအရင်းအမြစ်များ၊ (Land Use , Water Resources)

§  ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ  နှင့် ဥပဒေ များ (Environmental Laws and Policy)

§  မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား လေ့လာခြင်း (Environmental Issues and Myanmar Perspectives)

§  နိုင်ငံသားကောင်း၏ တာဝန် နှင့် ၀တ္တရား (Good Citizenship)

§  နိုင်ငံရေး စနစ်များ နှင့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု ပုံစံများအားလေ့လာခြင်း (Political System and NRM)

§  လူ့ကျင့်ဝတ် နှင့် ဆိုင်သော ခေါင်းဆောင်မှုပုံစံ (Ethical Leadership)

§  လူမှုဆက်နွယ် ဝိညာဉ်ပိုင်းဆိုင်ရာ သဘောတရား (Socially Engaged Spirituality)

§  လေ့လာရေး ခရီးစဉ်များ

သင်တန်းတက်ရောက်သူများ အနေဖြင့် အထက်ပါ ကိစ္စရပ်များအား လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။

                  သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ပူးတွဲပါ သင်တန်းတက်ရောက်ခွင့် လျှောက်လွှာ ပုံစံ ကို ဖြည့်စွက်ပေးပို့ ရမည် ဖြစ်ပါသည်။ သင်တန်းလျှောက်လွှာများကို (၂၇.၆.၂၀၁၄) ညနေ (၅းဝဝ) ထက် နောက်မကျ စေပဲ ဆက်သွယ်ရန်လိပ်စာသို့ email ပေးပို့ပေးရမည် ဖြစ်ပါသည်။ တက်ရောက်ခွင့် ရရှိသူများအား ပြန်လည် အကြောင်းပြန် ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းလျှောက်လွှာများအား ပေးပို့ရန်

မဖူးပွင့်သဥ္ဇာဖြိုး

စီမံချက် ညှိနှိုင်းရေးမှူး

  ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ

ကလျာဏမိတ္တဖောင်ဒေးရှင်း

  ppthinzar@gmail.com

  Ph: 09-2220675


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်