ဘလူးတု (Bluetooth) အကြောင်းသိကောင်း စရာ

03/08/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းငွေလက်ကျန် နည်းနေချိန် စာတို မက်ဆေ့ချ် ပေးပို့တဲ့နည်းကို မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဘလူးတု အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ် ခင်ဗျ။ 

တောင်သူဦးကြီးတွေ ဖုန်းတွေမှာ ပါတဲ့ ဘလူးတု (Bluetooth) ဆိုတာလေး ကိုသိကြလားဗျ။ ကျွန်တော်တို့ အခုလက်ရှိ ပုံတွေ၊ ဗီဒီယိုတွေ၊ ဆော့ဝဲလ်တွေ ကူးနေတဲ့ ဇာပြာ (Zapya) မပေါ်ခင်ကဆိိုရင် ဘလူးတုလေးကို အသုံးပြုပြီး ကူးခဲ့ရတာ ဖြစ်ပါတယ်။ ဘလူးတုကို အသုံးပြုပြီး သီချင်းဖွင့်တာမျိုးတွေ၊ ဖုန်းပြောတာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်။ 

ဘလူးတု ဆိုတာ ကြိုးမသုံးဘဲ ရေဒီယိုလှိုင်းကို အသုံးပြုပြီး ဆက်သွယ်ပေးနိုင်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာစနစ် ဖြစ်ပါတယ် ခင်ဗျ၊၊

တစ်စက္ကန့်ကို တစ်မီဂါဘိုက် (1MB) အမြန်နှုန်းနဲ့ သယ်ဆောင်နိုင်ပါတယ်၊၊ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ၁၀မီတာ (ပေ၃၀ ခန့်) အကွာအဝေးအတွင်းဖြစ်ပါတယ်၊၊ ရေဒီယိုလှိုင်းကို အခြေခံထားတာဖြစ်လို့ နေရာမရွေး ဆက်သွယ်နိုင်တာပဲ ဖြစ်ပါတယ်၊၊

ယနေ့ခေတ်မှာ ဘလူးတု (Bluetooth) ကို လူသုံးပစ္စည်းတွေနဲ့ပါ ဆက်သွယ်နိုင်အောင် တီထွင်လာကြပါတယ်၊၊ ကြိုးမဲ့နားကြပ်တပ်ထားရင် ဖုန်းကို လက်က မကိုင်ဘဲ ပြောနိုင်လာကြတယ်၊၊ ဖုန်းအချင်းချင်း နှစ်သက်ရာ သီချင်းဖိုင်၊ စာသားဖိုင်တွေကို အပြန်အလှန် ပေးနိုင်လာတယ်၊၊ ဒီလောက်ဆိုရင် ဘလူးတု အကြောင်းကိုဦးကြီးတွေ အခြေခံအားဖြင့် သိသွားမယ်လို့ ယုံကြပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

   ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းငွေလက်ကျန် နည်းနေချိန် စာတို မက်ဆေ့ချ် ပေးပို့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းငွေလက်ကျန်နည်းနေချိန် ဖုန်းပြန်ခေါ်ပေးဖို့ စာဘယ်လိုပို့ရမလဲ(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်