ဘာ့ကြောင့် ပွားများလာရသလဲ
မအူပင်၊ တွံတေး၊ မန္တလေး၊ ရွှေဘို က ငါးကန်တွေမှာ တွေ့ရတယ်။ ဒီဇင်ဘာလထဲမှာလည်း မြောက်ဥက္ကလာပ ငါးမိုးရိပ်ချောင်းထဲမှာ တွေ့ရတဲ့သတင်းဖတ်လိုက်ရတယ်။ မြင်တွေ့ရလေ့ မရှိတာကြောင့် အထူးအဆန်းဖြစ်နေကြတယ်။ အခု နေပြည်တော်က ငါးကန်တွေမှာတွေ့လာပြီဖြစ်တယ်။ လက်ရှိ မြန်မာ့ ရေမြေသဘာဝ ၊ ရာသီဥတုပြောင်းလဲခြင်း အထူးသဖြင့် အပူချိန်မြင့်မားလာခြင်းသည် ပလီကို (Pleco) စုတ်ခွက်ငါးများ ရှင်သန် ကြီးထွား မျိုးပွားသားပေါက်ခြင်းကို အားပေးသော အခြေအနေဖြစ်နေပါတယ်။
ဘယ်လိုကာကွယ်နိုင်မလဲ
ငါးမွေးကန်တွေမှာ ကန်အောက်ခြေကို အပုတ်အဆွေးများကို ပုံမှန် ရှင်းပေးခြင်း၊ ကန်အောက်ခြေ ရေကို (၁-၂) ပေခန့်ကို လစဉ် ရေသစ်လဲပေးခြင်း၊ ပိုက်စိတ်ဖြင့် ငါးကန်အောက်ခြေကို ဂျမ်းတိုက်ဆွဲ ပြီး စုတ်ခွက်ငါးကြီးငါးသေးအားလုံးကို ဖမ်းယူဖယ်ရှားခြင်းဖြင့် အတော်အတန် ရှင်းလင်းနိုင်ပါ့မယ်။ အကောင်ဆုံးက ငါးကန်ကို ရေခန်းပြီး ငါးရိုင်းအားလုံးကို ရှင်းလင်းခြင်း၊ ကန်ကို နေခြောက်လှမ်းခြင်း ရေသစ်သွင်းတဲ့အခါ ဇကာစိတ်ဖြင့် အဆင့်ဆင့်စစ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ သည်လို ငါးမျိုးကို ကန်ထဲရောက်မှ ရှင်းလင်းခြင်းထက် ကန်ထဲမရောက်လာစေရန် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။
စားလို့ရပါသလား
ပလီကိုငါးကို စားသုံးရန် ဈေးတင်ရောင်းပြီး ချက်ပြုတ်နည်းဖေါ်ပြထားတာမျိုးကို မိမိအနေဖြင့် ရှာဖွေဆဲဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတချို့မှာ ငါးကင်လုပ်စားကြပြီး မြန်မာနိုင်ငံမှာလဲ ငါးကင်လုပ်ပြီး အပျော်စားကြတဲ့အခြေအနေလောက်ကိုဘဲ သိထားရပါတယ်။ စားတဲ့အခါမှာလည်း ငါးရဲ့ ရှေ့ဘက် အမာပိုင်းကို ဖယ်ပြီးစားကြတာ ကိုသိရပါတယ်။
ဒီနှစ်ပိုင်းမှာမှ စုတ်ခွက်ငါးပြန့်ပွားခြင်းနဲ့ အတူ ငါးမွေးသူများကလည်း ပိုမိုအာရုံစိုက်လာကြတာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါတယ်။ လက်ရှိမှာ ငါးမွေးကန်တွေအတွက် အနှောက်အယှက်ဖြစ်နေတာကြောင့် ဒီငါးကို ဖယ်ရှားဖို့ အားထုတ်နေကြတာအမှန်ပါ။ ဒါပေမဲ့ ငါးရိက္ခာ ဖူလုံရေးနဲ့ လူသားများအတွက် အာဟာရ ပိုမိုဖြည့်ဆည်းပေးနိုင်ရန် စုတ်ခွက်ငါးများကို စနစ်တကျ ချက်ပြုတ်စားသောက်နိုင်ဖို့ရာ နည်းလမ်းများကို ပူးပေါင်းရှာဖွေသွားရမှာ ဖြစ်ပါတယ်။
ဒေါက်တာခင်မောင်စိုး (အကြံပေး၊ World Fish Myanmar)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်