မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏမေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။
လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' ÷ ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက
နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက
(လ x န)' ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
(၄၀'×၆၀') ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၁၀၀') ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက
နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက
တြိဂံပုံစံဖြစ်ပါက
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
ထောင့်မှန် တြိဂံပုံစံဖြစ်ပါက
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ: ၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
စက်ဝိုင်းပုံစံဖြစ်ပါက
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = .... ဧက
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ... ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )
ဥပမာ:
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက
အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား (၁ ဧက = ၄၃၅၆၀ စတုရန်းပေ)
Source - Shared Myay
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်