ဒုတ္တာနှင့် ထုံးဆေးရည်၏ အားနည်းချက်၊ အားသာချက်

30/12/2020 12:45 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ဒုတ္တာနှင့် ထုံးဆေးရည်၏ အားနည်းချက်၊ အားသာချက်များ သိလိုပါသည်။

အားသာချက် - ဓာတုကင်းလွတ်ပြီး တောင်သူများ အလွယ်တကူပြုလုပ်နိုင်သည့်အပြင် ကုန်ကျစရိတ်သက်သာစေပါသည်။ ဆေးဖျော်စပ်ပြီး ကြာသွားသောအခါ အနှစ်များကိုပြန်ဖျော်ပြီး မြေအောင်းပိုးကာကွယ်ရန် အသုံးပြုနိုင်ပါသည်။

အားနည်းချက် - ကန့်သည် အပင်ရောဂါများကို သေစေသော်လည်း အပင်ကို အဆိပ်သင့်စေတတ်သဖြင့် ထုံးနှင့် သုံးစွဲရခြင်းဖြစ်ပြီး စနစ်တကျ ဖျော်စပ်သုံးစွဲရမည်။ ဆေးဖျန်းချိန် အနံ့ရှူမိခြင်း၊ အရေပြားတို့နှင့်ထိမိပါက လူကိုအန္တရာယ်ဖြစ်စေနိုင်သဖြင့် အကာအကွယ်ဖြင့် ဖျန်းသင့်ပါသည်။

ဆေးမသုံးသင့်သောအချိန် - အပူချိန် (၂၇) ဒီဂရီစင်တီဂရိတ်ထက်ကျော်လျှင် အပင်လောင်တတ်သဖြင့် မသုံးသင့်ပါ။ အပင်ရေငတ်ချိန်၊ အားနည်းချိန်၊ အရွက်နုထွက်ချိန်များတွင် မသုံးသင့်ပါ။

ဆေးသုံးသင့်သောအချိန် - မနက်စောစောနှင့် ညနေပိုင်းများတွင် ဆေးဖျန်းနိုင်သည်။

ပျောက်ကင်းနိုင်သောရောဂါများ - မှိုနှင့် ဘက်တီးရီးယားကြောင့်ဖြစ်တတ်သော ရောဂါများနှင့် ဖျက်ပိုးများ၊ စပျစ်ရွက်ခြောက်ရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ရှောက် သံပုရာကိုင်းဖျားခြောက်ရောဂါ၊ ဝါမြစ်ပုပ်ရောဂါ၊ မွှားပင့်ကူ၊ အကြေးပိုး၊ လှေးပိုး၊ ပျပိုး၊ မီလီဂျပိုး၊ အကိုင်းထိုးပိုး၊ မှိုဖြူရောဂါ၊ နှင်းဆီရွက် အနက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ မြေပဲနှင့် ပဲမျိုးစုံရွက်ပြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ပင်စည်ကွဲအက်ရောဂါတို့ကို ကာကွယ်နိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်