မလွှင့်ပစ်သင့်တဲ့ ငှက်ပျောခွံ

14/05/2020 11:30 AM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကျွန်တော်တို့တွေဟာ ငှက်ပျောသီးကိုစားသုံးပြီးလျှင် အခွံတွေကို လွှင့်ပစ်တတ်ကြပါ တယ်။ လွှင့်ပစ်လိုက်တဲ့ ငှက်ပျောသီးခွံတွေကို အမှန်တကယ် အကျိုးရှိအောင် အသုံးပြုဖို့ မသိခဲ့ကြလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ငှက်ပျောသီးခွံကို အကျိုးရှိရှိအသုံးပြုနိုင်တဲ့ အချက် (၈) ချက်ကို ဖော်ပြပေးချင်ပါတယ်။ ငှက်ပျောခွံမှာလည်းအာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝအတွက် လိုတာထက်ပိုတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

၁။ အိမ်တွင်းအလှပင်များ သန့်ရှင်းရေးပြုလုပ်နိုင်ခြင်း

    ငှက်ပျောခွံရဲ့ အတွင်းဘက်ဖြင့် အလှစိုက်အပင်ရဲ့ အရွက်များကို ပွတ်တိုက်ပေးခြင်းပြုလုပ်နိုင်ပါတယ်။ ဒီငှက်ပျောခွံတွေဟာ အပင်များမှာရှိတဲ့ အညစ်အညေးများကို သန့်ရှင်းအောင်ပြုလုပ်ပေးနိုင်ပြီး အရွက်များရဲ့အရောင်ကို တောက်ပစေပါတယ်။ ရှုးဖိနပ်များ ပြောင်လက်အောင်တိုက်ချွတ်ရာတွင်လည်း ငှက်ပျောခွံကိုအသုံးပြုနိုင်ပါတယ်။

၂။ ဝက်ခြံကို ကာကွယ်ပေးခြင်း

    ငှက်ပျောခွံဟာ အရေပြားရောဂါများဖြစ်ပွားမူကို ကာကွယ်ပေးရန်လည်း အသုံးပြုနိုင်ပါ တယ်။ ငှက်ပျောခွံများတွင် ဗိုက်တာမင်နှင့် သတ္တုဓာတ်များ ပေါများစွာပါဝင်ပါတယ်။ ၎င်းတွင် ဗိုက်တာမင် စီ၊ အီး ၊ သံဓာတ်၊ ပိုတက်ဆီယမ်နှင့် ဇင့်ဓာတ်များပါဝင်ပါတယ်။ ထိုဓာတ်များဟာ ဝက်ခြံဖြစ်မူကို ကာကွယ်ပေးနိုင်ပြီး အရေပြားဖူးရောင်ခြင်းကို လျော့ကျစေပါတယ်။ ၎င်းဟာ အသားရေကိုသဘာဝအတိုင်းပြန်လည်ထိန်းသိမ်းပေးရန်ကူ ညီပေးပါတယ်။ အရေပြားအရေးကြောင်းဖြစ်မူကို လျော့ချပေးနိုင်ပါတယ်။

    ဝက်ခြံဖြစ်မှုကို ငှက်ပျောခွံဖြင့်ကာကွယ်ရန် - ငှက်ပျောခွံဖြင့် ​ဝက်ခြံဖြစ်နေသော အရေပြားပေါ်သို့ ၅ - ၁၀ မိနစ် ညင်သာစွာပွတ်ပေးပါ။ ပြီးနောက် ရေဖြင့် ပြောင်အောင်ဆေးကြောပါ။ နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။

၃။ လက်ဝတ်ရတနာများကို အရောင်တင်နိုင်ခြင်း

    နောက်တစ်ခုအနေဖြင့် စိန်၊ ရွှေရတနာများကို အရောင်တောက်ပစေရန် ငှက်ပျောခွံကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံတွင် ပိုတတ်ဆီယမ်ဓာတ်ပါဝင်ခြင်းကြောင့် သတ္တုများကိုသန့်ရှင်းရာတွင် အသုံးပြုနိုင်ပါတယ်။ မိနစ်အနည်းငယ် ပွတ်တိုက်ခြင်း လက်ဝတ်ရတနာများ အရောင်တောက်လာစေနိုင်ပါတယ်။ 

၄။ သွားများဖြူဖွေးအောင်ပြုလုပ်နိုင်ခြင်း

    ငှက်ပျောခွံကိုအသုံးပြုခြင်းဖြင့် သွားများ ဖြူဖွေးအောင်ပြုလုပ်နိုင်ပါတယ်။ လက္ဖရည်၊ ကော်ဖီ၊ အဖျော်ယမကာ စသည်တို့စားသောက်ခြင်းအားဖြင့် သွားများကို အဝါရောင်ဖြစ် စေပါတယ်။ ငှက်ပျောခွံဟာ ပိုက်ဆီယမ်ဓာတ်ပါဝင်မှုကြောင့် သွားများ အဝါရောင်ဖြစ်မှုကို လျော့နည်းရန် ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်ရန်မှာ - သွားတိုက်ပြီးသောအခါ ငှက်ပျောခွံရဲ့အတွင်းဖက်ဖြင့် သွားများကိုပွတ် တိုက်ပေးရန်ဖြစ်ပါတယ်။ ၂ - ၃ မိနစ် ပြုလုပ်ပြီးပါက အာလုတ်ကျင်းပေးရပါမယ်။ နေ့စဉ်ပြုလုပ်ပေးပါက သွားများသိသာစွာတောက်ပလာစေပါတယ်။

၅။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ခြင်း

     ငှက်ပျောခွံဟာ အရေပြားအတွက် များစွာအထောက်အကူပြုရုံသာမက ကျန်းမာရေးအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ပါက ငှက်ပျောခွံကို  သဘာဝအတိုင်းအသုံးပြုခြင်းအားဖြင့် ကုသနိုင်ပါတယ်။ ၎င်းတွင် သတ္တုဓာတ်နှင့် ပိုတတ်ဆီယမ်ဓာတ်များပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။

ပြုလုပ်ရန်မှာ - ငှက်ပျောခွံကို ရေခဲသေတ္တာထဲတွင် ၁ နာရီခန့်ထားပေးရပါမယ်။ ထို့နောက် ငှက်ပျောခွံကို သင်ရဲ့ နဖူး သို့မဟုတ် ဂုတ်ကျောပေါ်တွင်ထားပေးရပါမယ်။ အနည်းငယ်နွေးလာပါက အခွံကိုဖယ်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ ၂ ခါ ၃ခါ ပြုလုပ်ပေးရန်လို အပ်ပါတယ်။

၆။ အခွံများမှ ဖျော်ရည်ပြုလုပ်ခြင်း

    ငှက်ပျောခွံများကို ရေဆူဆူတွင် ၁၀ မိနစ်ခန့်ထားပြီးနောက် ငှက်ပျောခွံဖျော်ရည်ကိုရရှိစေပါတယ်။ တစ်ခြားသော အာဟာရဓာတ်ပါဝင်တဲ့ အရည်များရော၍လည်း သောက်နိုင်ပါတယ်။

၇။ သစ်ဆွေးမြေသြဇာပြုလုပ်ခြင်း

    သစ်ဆွေးမြေသြဇာများပြုလုပ်ရာတွင် ကယ်လ်ဆီယမ်၊ ဖောစဖိတ်နှင့် မက်ဂနီဆီယမ် စသည်တို့ ပါဝင်မှုမြင့်မားစေရန် ငှက်ပျောခွံကို ထည့်ပေးနိုင်ပါတယ်။ ၎င်းတွင် အပင်ကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။

၈။ တိရိစ္ဆာန်အစာပြုလုပ်ခြင်း

    ငှက်ပျောခွံကို အခြောက်ခံပြီး တိရိစ္ဆာန်အစာများနှင့် ရောကျွေးနိုင်ပါတယ်။ ၎င်းဟာ တိရိစ္ဆာန်တွေအတွက် မရှိမဖြစ်လိုအပ်သော အာဟာရများကို ရရှိစေရန် ထောက်ပံ့ပေးနိုင် ပါတယ်။

    ဒါကြောင့် နောက်တစ်ခါ ငှက်ပျောသီးစားသုံးပြီးပါက အခွံကိုသိမ်းထားရန်တိုက်တွန်းချင်ပါတယ်။ အသီးတွင်ပါဝင်သော အာဟာရဓာတ်များသည် အခွံတွင်လည်း ပါနေပါတယ်။ ငှက်ပျောသီး၏ အကျိုးကျေးဇူးများနှင့် အခွံများကို အသုံးပြုခြင်းအားဖြင့်လည်း ကျန်းမာရေးနှင့် အလှအပအတွက် ငွေကြေးကုန်ကျမှုကို သက်သာစေနိုင်ပါတယ်။

လင်းလင်းထွန်း


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်